လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားတဲ့ အဓိပ္ပါယ်ကိုတော့ သိကြပေမယ့် လက်သန်းမှာ လက်စွပ်စွပ်ထားတဲ့ အဓိပ္ပာယ်ကိုတော့ သိရှိသူနည်းပါတယ်။ လက်သန်းမှာ ပန်းရောင်လက်စွပ်လှလှလေး ဝတ်တာဟာ ဘယ်လိုအဓိပ္ပာယ်ကိုဆောင်သလဲဆိုတာ သိပါသလား။

အဲဒီလို လက်သန်းမှာ လက်စွပ်ဝတ်တဲ့အဓိပ္ပာယ်က သင်ဟာ Single ဖြစ်တယ် တခြားသူထက် ကိုယ့်ကိုကိုယ်ပိုချစ်တယ်။ ကိုယ့်ကိုကိုယ်ဂုဏ်ယူတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အဲဒီလိုလက်စွပ်ကို ရွှေရောင်၊ ငွေရောင်၊ အဝါရောင်၊ နှင်းဆီရောင်ဆိုပြီး ထုတ်လုပ်ထားပြီး Self Love Pinky Ring ဆိုတဲ့ နာမည်နဲ့ အမေရိကန်ပြည်ထောင်စု Los Angeles အခြေစိုက် စိန်၊ ရတနာဆိုင်က ထုတ်လုပ်ဖန်တီးခဲ့တာပါ။ လက်စွပ်လေးတွေရဲ့ ဈေးနုန်းတွေကတော့ ဒေါ်လာ ၁၅၀ ကနေ ၃၀၀ ကျော်ထိရှိပြီး အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ သူတို့ကိုယ်သူတို့ ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြတဲ့သဘောဖြစ်ပါတယ်။

Source: InStyle

အဲဒီလက်စွပ်ကို မှာလိုက်ပြီဆိုတာနဲ့ နေ့တိုင်း သင့်ကိုသင် ချစ်မယ်၊ သင့်ကိုယ်သင်  ရွေးချယ်မယ်၊ သင့်ကိုယ်သင်သတိရမယ် ဆိုပြီး ကတိပေးရပါတယ်။

လူတိုင်း ပျော်ရွှင်ဖို့နဲ့ ကိုယ့်ရဲ့ အသားအရောင်အတိုင်း၊ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်း စိတ်ကျေနပ်မှုအပြည့်ရှိဖို့ဆိုတာ ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးမှ သူများကို ချစ်နိုင်တာပါ။ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတာဟာ ပျော်ရွှင်မှုအတွက် ပထမခြေလှမ်းဖြစ်သလို၊ လူတစ်ယောက်ကို ချစ်မိသွားနိုင်တဲ့ ပထမအဆင့်တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီလို လက်သန်းလေးမှာ လက်စွပ်လေးစွပ်ထားရင် သင်ဟာ သင့်ဘဝကိုသင် ဂုဏ်ယူကျေနပ်ပြီး ပျော်ရွှင်သလို Single လေးတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေတာပါပဲတဲ့။ စိတ်ကူးဆန်းဆန်းလေးနဲ့ ပုံဖော်ထားတဲ့ ဒီလက်စွပ်လေးက ဆိုင်ရဲ့ ဈေးကွက်ထိုးဖောက်မှုတစ်ခုဖြစ်နေပေမယ့်လည်း စာဖတ်သူတို့အတွက် ရသတစ်စုံတစ်ရာ ရရှိစေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။