ညအိပ်တဲ့အခါမှာ ဆံပင်ကိုသေချာဖြီးပြီး သပ်သပ်ရပ်ရပ်နဲ့ ချည်အိပ်တာမျိုး၊ ဆံပင်ဖွဖွလေးစည်းအိပ်တာမျိုး၊ ကျစ်ဆံမြီးကျစ်ပြီးအိပ်တာမျိုး လုပ်ပေးရပါတယ်။ ဒါမှဆံသားပျက်စီးတာ သက်သာစေမှာပါ။ အဲ့လိုမဟုတ်ပဲ ညအိပ်တဲ့အခါမှာ ဆံပင်ကိုချည်မထားပဲ ဖားလျားချပြီးအိပ်ရင် ဖြစ်ပေါ်လာမယ့်ဆိုးကျိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။
ဆံပင်ကျွတ်ခြင်း
ညအိပ်တဲ့အခါမှာ ဆံပင်ကိုချည်မထားပဲ ဖားလျားချအိပ်မယ်ဆိုရင် ဆံပင်တွေရှုပ်ပွပြီး မနက်ကျရင် ဆံပင်တွေငြိတာ၊ ရှင်းရခက်တာတွေဖြစ်ပြီး ဆံပင်အများကြီး ကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်ကို သေချာသပ်သပ်ရပ်ရပ်လေး ဖြီးပြီး ချည်အိပ်ပါ။
ဝက်ခြံထွက်ခြင်း
အသားအရေက sensitive, acne prone skin ဖြစ်တယ်ဆိုရင် ဆံပင်တွေမျက်နှာကိုထိတာနဲ့ ဝက်ခြံပေါက်တာမျိုး ဖြစ်တတ်ပါတယ်။ ညအိပ်တဲ့အခါ ဆံပင်တွေက မျက်နှာကိုထိနေတာ၊ ပူတဲ့အခါမှာ ချွေးနဲ့ ဆံပင်အဆီနဲ့ မျက်နှာကိုထိနေရင် ချွေဒပေါက်တွေပိတ်ပြီး အဆီဖုတွေ၊ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။
ဆံပင်သန်စွမ်းမှုနှုန်းကိုဖျက်ဆီးခြင်း
ညအိပ်ခါနီးလည်း ဆံပင်ကိုသေချာဖြီးတာမျိုး၊ ရှင်းပြီး သပ်သပ်ရပ်ရပ်ချည်အိပ်တာမျိုး မလုပ်ပဲ ဒီတိုင်းဖားလျားချပြီး ဆံပင်လည်းမရှင်းပဲတန်းအိပ်ရင် ဆံသားပျက်စီးစေပါတယ်။ ဆံပင်သန်စွမ်းမှုနှုန်းကို ဖျက်ဆီးလိုက်သလို ဖြစ်စေတာကြောင့် ဆံပင်အရှည်နှေးစေပါတယ်။
Frizzy hair
ဆံပင်ဖားလျားချအိပ်တာက frizzy hair ဖြစ်ပြီး ဆံသားကျိုးကြေတာမျိုးတွေ ဖြစ်စေပါတယ်။ ဆံသားမှာရှိသင့်တဲ့ moisture တွေလည်း ဆုံးရှုံးစေပါတယ်။
အဖျားနှစ်ခွဖြစ်ခြင်း
ဆံပင်ဖားလျားချအိပ်တာက ဆံပင်အဖျားတွေ နှစ်ခွဖြစ်စေပါတယ်။ ဆံပင်နှစ်ခွတွေဖြစ်ရင် ကြည့်ရတာအရမ်းဆိုးပါတယ်။ ဆံသားကလည်းဖွာပြီး ကြာလာရင် ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ hairstyle က unhealthy look မျိုး ဖြစ်နေစေပါတယ်။
source:www.brightside.me