အချစ်ရေးတစ်ခု ပြီးဆုံးသွားတဲ့အခါ နှလုံးသားနာကျင်ခြင်းတွေကို ကျော်ဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ရည်းစားဟောင်းကို နေ့တိုင်းတွေ့နေရရင် သင်ဘယ်လိုလုပ်မလဲ ?

သင့်ရဲ့ BFF ကိုအားကိုးပါ

သင့်ရဲ့ BFF က သင့်အကြောင်း အားလုံးထက်ပိုသိပါတယ်။ အသည်းကွဲတဲ့အချိန်တွေမှာ BFF တွေကို အားကိုးပါ။ ရည်းစားဟောင်းကို မတော်တဆတွေတဲ့အခါ ရယ်စရာ memes တွေနဲ့ သင့်ကို အာရုံပြောင်းဖို့ သူအမြဲရှိနေမှာပါ။

အားလပ်ချိန်မထားပါနဲ့

လမ်းခွဲပြီးတဲ့အခါ သင့်မှာ အချိန်ပိုတွေအများကြီး ထွက်လာမှာပါ။ ပိုလာတဲ့အချိန်တွေကို သူငယ်ချင်းတွေနဲ့ခရီးထွက်တာ ၊ ဟင်းချက်သင်တန်းတာမျိုးတွေ လုပ်ကြည့်ပါ။ လမ်းခွဲခြင်းကနေ ရုန်းထွက်တာက သင့်ကို စွဲလမ်းမှုကနေ ကင်းဝေးစေမှာပါ။

Positive တွေးပါ

သင့်ရဲ့အကြောင်း နားထောင်မည့်သူတိုင်းကို သင့်ရည်းစားဟောင်းအကြောင်း မကောင်းပြောလို့ရပေမယ့် သင့်ရည်းစားဟောင်းကို ပုတ်ခတ်ပြောဆိုမယ့်အစား တင်းမာမှုတွေမဖန်တီးပါနဲ့။ ဒါဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

လှအောင်နေပါ

ရည်းစားနဲ့ပြတ်ပြီးရင် မိန်းကလေးတွေက ပိုလှလာတယ်ဆို အများစုက ပြောတတ်ကြပါတယ်။ ပြီးခဲ့တဲ့ Relationship ကြောင့် စိတ်ညစ်နေမယ့်အစား အရင်ကထက် ပိုလှအောင်နေပါ။

ပျော်အောင်နေပါ

တစ်နေ့တာလုံး အဆင်ပြေသလို ဟန်ဆောင်ဖို့က တကယ်ကို ခက်ခဲနိုင်ပါတယ်။ အိမ်ပြန်ရောက်ရင် စိတ်အပန်းဖြေပြီး ဂရုစိုက်ပါ။ တစ်စုံတစ်ယောက်နဲ့ လက်ဖက်ရည်သောက်တာပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ board TV ကြည့်တာပဲ ဖြစ်ဖြစ် သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ပါ။ ပျော်ရွှင်မှုက သင်နဲ့ထိုက်တန်ပါတယ်။