အချစ်ကိုစိတ်ကုန်လို့ ရည်းစားမထားတော့ပဲ တစ်ယောက်ထဲပဲနေတော့မယ်လို့ စဉ်းစားထားတဲ့သူတွေ အများကြီးရှိမှာပါ။

ရည်းစားမထားပဲ တစ်ယောက်ထဲနေရင်တော့ အချစ်ကြောင့် ပူလောင်ရတာတွေ၊ စိတ်ပူပန်ရတာတွေ၊ စိတ်ညစ်စရာတွေ ဘာမှမရှိတော့ပဲ တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ်နဲ့ အေးအေးချမ်းချမ်းဖြစ်နေမှာပါ။

တစ်ယောက်ထဲနေရတာကြာလာရင် အထီးကျန်တဲ့အတွေးမျိုး၊ အထီးကျန်သလိုခံစားမှုမျိုးတော့ မကြာခဏဝင်ပါလိမ့်မယ်။ တစ်ခါတစ်လေကျရင်လည်း ဘာကိုဝမ်းနည်းလို့ ဝမ်းနည်းမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။

သူများကိုအားကျတတ်တဲ့သူတွေ၊ စိတ်အားငယ်တတ်တဲ့သူတွေအတွက်ကတော့ ရည်းစားမထားပဲ တစ်ယောက်ထဲနေရင် အပေါင်းအသင်းနဲ့ အပြင်သွားတဲ့အခါ၊ တွေ့တဲ့အခါမျိုးမှာ သူတို့က အတွဲကိုယ်စီနဲ့ ကိုယ်ပဲ တစ်ယောက်ထဲဖြစ်နေတာမျိုးနဲ့ ကြုံတဲ့အခါမှာတော့ စိတ်အဆင်မပြေဖြစ်တာမျိုး ရှိနိုင်ပါတယ်။

တစ်ယောက်ထဲနေရင် ချုပ်ချယ်မယ့်သူမရှိ၊ ကိုယ့်စိတ်ကြိုက်နေလို့ရတဲ့အတွက် စိတ်ပေါ့ပါးပေမယ့် တစ်ခါတစ်လေကျရင်လည်း ကိုယ့်ကိုလမ်းပြပေးမယ့်သူတစ်ယောက်လောက် လိုချင်တယ်ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။

ရည်းစားမထားပဲတစ်ယောက်ထဲနေတဲ့သူ တော်တော်များများက အမြဲတမ်းအတွေးနှစ်မျိုးဝင်နေတတ်ပါတယ်။ တစ်ယောက်ထဲနေရတာ အကောင်းဆုံးပဲ အပူအပင်ကင်းတယ်လို့ တွေးနေပေမယ့် တစ်ချက်တစ်ချက်ကျရင်လည်း ရည်းစားလေးတစ်ယောက်တော့ လိုချင်မိတယ်၊ အထီးကျန်တယ်ဆိုတဲ့ အတွေးတွေ ဝင်လာတာပါပဲ။

ဒါကြောင့် ရည်းစားမထားတော့ပဲ တစ်ယောက်ထဲပဲနေမယ်လို့ တကယ်စဉ်းစားထားရင်တော့ အလုပ်များများလုပ်ပါ။ ပိုက်ဆံစုပါ။ ကိုယ်လုပ်ချင်တာတွေလုပ်ပါ။ ကိုယ်ပျော်မယ်ထင်တဲ့အရာတွေသာ လုပ်ပါ။ မအားအောင်နေပါ။ အလုပ်အားရင် စာဖတ်နေတာမျိုး၊ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတွေ လုပ်နေတာမျိုးနဲ့ ကုန်ဆုံးပါ။ ကိုယ့်အတွက်လည်းအကျိုးရှိစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့အတွေးမျိုးတွေဝင်တာလည်း လျော့နည်းသွားပါလိမ့်မယ်။

photo source: www.freepik.com