တစ်နေကုန်အလုပ်လုပ်ပြီး ပြန်လာရင် တစ်နေကုန် ပင်ပန်းထားသမျှတွေ ပြေပျောက်ပြီး အညောင်းအညာပြေစေဖို့၊ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ ဒီလေ့ကျင့်ခန်း ၇ မျိုးကို လုပ်ပေးကြည့်ပါ။

Bear hug

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။

Neck stretches

ဇာတ်ကို ဟိုဘက်စောင်း၊ ဒီဘက်စောင်းနဲ့ လုပ်ပေးရုံပါပဲ။ သက်တောင့်သက်သာဖြစ်အောင်ထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်းလေးပဲ လုပ်ပေးပါ။ စက္ကန့် ၃၀ လောက်လုပ်ပေးရင်ရပါပြီ။

Kneeling lat stretch

ဒီလေ့ကျင့်ခန်းကလည်း လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးဖို့ပါပဲ။ အချိန်ပြည့်ရင် ခဏရပ်ပြီး ထပ်လုပ်ပေးပါ။ ၃ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Child’s pose

ပုံမှာပြထားတဲ့အတိုင်း ၅ မိနစ်ပြည့်အောင်နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Low lunge

ပုံမှာပြထားတဲ့အတိုင်း ၅ မိနစ်ပြည့်အောင်နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။ နောက်ထပ် ၅ မိနစ် ထပ်နေပေးပါ။ ၅ မိနစ်မနေနိုင်လည်း ၁ မိနစ်ပြည့်ရင် ဘယ်ညာပြောင်းပြီး ထပ်ထပ်လုပ်ပေးပါ။

Legs up the wall pose

ပုံထဲကလို နံရံမှာ ခြေထောက်နှစ်ဖက်ကိုကပ်ပြီး မြှောက်ထားပါ။ ၁၀ မိနစ်လောက်နေပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Reclining bound angle pose

ကြမ်းမှာလှဲအိပ်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကို စုကပ်ထားပါ။ အဲ့အတိုင်း ၁၀ မိနစ်လောက်နေပေးရင် ရပါပြီ။