ဝက်ခြံတွေက ကိုယ်လုပ်လိုက်လို့ ပိုပွားလာတာမျိုးနဲ့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဝက်ခြံရှိရင် ပျောက်အောင်လုပ်ရမယ့်အချိန်မှာ ပိုပွားလာအောင် မလုပ်မိပါစေနဲ့။ ဒါကြောင့် ဆင်ခြင်လို့ရအောင် ဝက်ခြံတွေထပ်မပွားလာအောင် သင့်အနေနဲ့မလုပ်သင့်တဲ့အရာ ၃ ခုကို ပြောပြပေးလိုက်ပါတယ်။

လက်နဲ့မကလိပါနဲ့

အရေးအကြီးဆုံးနဲ့ တော်တော်များများလုပ်လေ့ရှိကြတာကတော့ ဝက်ခြံထွက်ရင် လက်တွေနဲ့ကလိတာပါပဲ။ ဒီလိုလက်နဲ့ကလိရင် ဝက်ခြံထဲကို ဘတ်တီးရီးယားတွေဝင်ပြီး ယောင်လာတာ၊ ပိုကြီးလာတာ၊ ပိုပွားလာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဝက်ခြံတွေပွားမလာစေချင်ရင် လက်နဲ့လုံးဝမကလိပါနဲ့။

မမှည့်သေးတဲ့ဝက်ခြံကို မညှစ်ပါနဲ့

မမှည့်သေးတဲ့ဝက်ခြံကို လုံးဝမညှစ်ပါနဲ့။ ဝက်ခြံလိမ်းတဲ့ဆေးလိမ်းထားလိုက်ရင် သူ့ဟာသူခြောက်ပြီး ကွာသွားပါလိမ့်မယ်။ မမှည့်သေးတဲ့ဝက်ခြံကို ညှစ်လိုက်ရင် အရည်တွေထွက်ပြီး အရည်တွေပေသွားတဲ့နေရာတွေမှာ ဝက်ခြံထွက်လာပါတယ်။ ဝက်ခြံလည်း အနာဖြစ်ပြီး အပေါက်ဖြစ်တာမျိုး၊ သွေးထွက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Skincare Product တွေကို မဆင်မခြင်မသုံးပါနဲ့

ဝက်ခြံထွက်နေတဲ့အချိန်မှာ Skincare Product တွေကို မဆင်မခြင်မသုံးပါနဲ့။ Glow ဖို့၊ အသားအရည်ကြည်ဖို့ကို နောက်ထားပါ။ ဝက်ခြံပျောက်အောင်သာ အရင်ကုပါ။ ဝက်ခြံတွေရှိနေရက်နဲ့ Glow စေမယ့်ဟာတွေလျှောက်သုံးရင် ပိုးဆိုးလာနိုင်ပါတယ်။ ဒါတွေက ဝက်ခြံပျောက်မှ အေးဆေးသုံးပြီး လှအောင်လုပ်လို့ရပါတယ်။

Photo Source: www.freepik.com