တစ်ခါတစ်လေကျရင် ကိုယ်လုပ်နေမိတဲ့အရာတွေကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship က တဖြေးဖြေးနဲ့ အဆင်မပြေဖြစ်လာတာမျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Relationship က တချိန်လုံး အဆင်မပြေဖြစ်လာတယ်ဆိုရင် ဒီအရာတွေကို လုပ်နေမိလားဆိုတာ ပြန်ဆန်းစစ်ပြီး ပျက်စီးမခံနိုင်ရင် ပြင်ဆင်သင့်ပါတယ်။

သဝန်တိုပြီးစွပ်စွဲခြင်း

လူတိုင်းကတော့ ကိုယ့်ချစ်သူကို သဝန်တိုကြတာပါပဲ။ ဒါပေမယ့် အရမ်းကိုလွန်လွန်ကဲကဲ သဝန်တိုနေတာမျိုး၊ ဘာမဟုတ်တာလေးတွေကအစ တစ်ချိန်လုံးသဝန်တိုနေတာမျိုး၊ ပြဿနာရှာနေတာမျိုးဆိုရင်တော့ ကြာလာရင် တစ်ဖက်လူကလည်း စိတ်ပျက်လာမယ်။ ခဏခဏလည်း ပြဿနာဖြစ်စကားများပြီး ပြတ်ဆဲသွားနိုင်ပါတယ်။ ပိုဆိုးတာကတော့ သဝန်တိုတဲ့အပြင် စွပ်စွဲတာပါပဲ။ စွပ်စွဲတာတွေများလာရင် ဒီ Relationship က ဘယ်လိုမှ အဆင်မပြေနိုင်ပဲ ဖြစ်သွားမှာပါ။

ကိုယ့်ချစ်သူကို နှိုင်းယှဉ်ပြောဆိုခြင်း

ကိုယ့်ချစ်သူကို တခြားသူနဲ့ ယှဉ်ပြီးပြောဆိုတာမျိုး၊ တစ်ချိန်လုံး သူများနဲ့ယှဉ်ပြီး ဥပမာပေးတာ၊ မခံချင်အောင် ပြောဆိုတာတွေက ရေရှည်မှာ အဆင်မပြေပါဘူး။ ခဏခဏကိုပြဿနာတက်ပြီး ရန်ဖြစ်စကားများကြရမှာပါ။ ကိုယ့်ကိုလိုက်နှိုင်းယှဉ်ရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ ဒီလိုလိုက်နှိုင်းယှဉ်တာမျိုးကို ခဏခဏလုပ်နေမယ်၊ ရန်ဖြစ်စကားများတိုင်းပြောနေမယ်ဆိုရင် Relationship က အဆင်မပြေတာတွေ အရမ်းများလာပါလိမ့်မယ်။

ကိုယ့်အမှားကို အမြဲသူများအပြစ်လုပ်ခြင်း

ကိုယ့်အမှားကိုမမြင်ပဲ သူများကိုပဲအပြစ်ပြန်လုပ်တာမျိုးကလည်း တစ်ဖက်လူအတွက် တော်တော်ဒေါသထွက်ပြီး အသည်းယားစရာကောင်းတဲ့ လုပ်ရပ်ပါ။ ကိုယ့်အမှားမှန်းသိရက်နဲ့ ငြင်းပြီး သူများကို အပြစ်တင်ပြောဆိုတာ၊ ကိုယ်မှားနေတာကို ထောက်ပြရင်လည်း လက်မခံတာတွေကြောင့်လည်း အဆင်မပြေတာတွေ အများကြီးကြုံတွေ့ရနိုင်ပါတယ်။

တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

တစ်ကိုယ်ကောင်းဆန်လွန်းရင်လည်း တစ်ဖက်လူအတွက် အဆင်မပြေပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တယ်ဆိုရင် တော်ရုံတန်ရုံ ခွင့်လွှတ်ပေးလို့ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ မာနတွေထားပြီး တစ်ယောက်နဲ့တစ်ယောက် တင်းမာနေလို့၊ တစ်ဖက်လူက အရမ်းတစ်ကိုယ်ကောင်းဆန်လို့ဆိုပြီး တစ်ဖြေးဖြေးနဲ့ အဆင်မပြေဖြစ်ကာ ပြတ်စဲသွားကြရတာတွေလည်း ရှိပါတယ်။