ဝိတ်ကျချင်လို့ လေ့ကျင့်ခန်းလုပ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် တစ်ပတ်အတွင်းမှာ ၃ ကီလိုလောက် ဝိတ်ကျသွားစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။

လေ့ကျင့်ခန်း ၁

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ဆက်တိုက်၁၅ စက္ကန့် လုပ်ပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် ၁၅ စက္ကန့် ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပထမပုံမှာပြထားတဲ့အနေအထားနဲ့ စပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ဘယ်လက်က ဘယ်ခြေသလုံးကိုထိ၊ ညာလက်က အပေါ်မှာ ဆန့်ထားပါ။ ပြီးတာနဲ့ တတိယပုံထဲကလို လက်ကိုလွှဲချပြီး ခါးကုန်းရမှာပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပြီး ဆက်လုပ်ပါ။ ဒီအနေအထား ၃ မျိုးကို ဆက်တိုက် ၁၅ ကြိမ် လုပ်ပေးပါ။ ဘယ်ဘက်ပြီးရင် ညာဘက်ပြောင်းပြီး နောက်ထပ် ၁၅ ကြိမ် ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ပုံမှာပြထားတဲ့အနေအထားအတိုင်း ထိုင်ပေးပြီး ခါးနဲ့မျက်နှာကို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရင်ရပါပြီ။

လေ့ကျင့်ခန်း ၄

ပုံမှာပြထားတဲ့အနေအထားနဲ့ အရင်နေပါ။ ပြီးမှ လက်ဖဝါးနှစ်ဖက်ကို ထောက်ပြီး အပေါ်ကို နည်းနည်းကြွပါ။ ခြေထောက်ကတော့ ကြမ်းမှာပဲ ကပ်ထားရပါမယ်။ ပေါင်ကစပြီး ကြွလို့ရပါတယ်။ ပြီးရင် ပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၅

ပုံမှာပြထားတဲ့အတိုင်းနေပြီး လက်နှစ်ဖက်က ခြေချောင်းထိပ်လေးတွေကို ကိုင်ထားပါ။ ပြီးရင် ပုံထဲကလို ခြေထောက်နှစ်ဖက်ကို ယှက်ပေးရမှာပါ။ ဘယ်ခြေထောက်ကို အပေါ်မှာထား၊ ညာခြေထောက်ကို အောက်မှာထားပြီးရင် ဘယ်ခြေထောက်ကို အောက်မှာထား၊ ညာခြေထောက်ကို အပေါ်မှာထားကာ ဆက်တိုက် ယှက်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၃၀ လုပ်ရမှာပါ။

လေ့ကျင့်ခန်း ၆

ပထမပုံထဲကလို လက်နှစ်ဖက်ကိုလွှဲပြီး ခါးကိုလိမ်ကာ တစ်ဖက်လှည့်လိုက်၊ အရှေ့ပြန်လှည့်လိုက်နဲ့ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးပါ။ ဘယ်ပြီးရင် ညာလှည့် အကြိမ် ၂၀ ထပ်လုပ်ပေးပါ။