လူတစ်ယောက်ကိုမမေ့နိုင်သေးသရွေ့ နာကျင်နေရမှာပါ။ နေ့ရက်တိုင်းက စိတ်မပျော်ရွှင်မှုတွေနဲ့ နေနေရမှာပါ။ ဒါကြောင့် အတိတ်တွေထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါမယ်။ မမေ့နိုင်လည်း မေ့နိုင်အောင်ကြိုးစားရပါမယ်။ လုံးဝကိုမမေ့နိုင်ဖြစ်နေတဲ့သူတစ်ယောက်ကို သင့်ဘဝထဲကနေ ထုတ်လိုက်နိုင်တဲ့အချိန်၊ မေ့နိုင်သွားတဲ့အချိန်မှာ သင့်အတွက်ပျော်ရွှင်မှုတွေ အများကြီးရရှိလာပါလိမ့်မယ်။

စိတ်လွတ်လပ်ပေါ့ပါးသွားခြင်း

မမေ့နိုင်ဖြစ်နေတဲ့သူကို မေ့နိုင်သွားတဲ့အချိန်ကျရင် စိတ်ထဲဘာမှမရှိတော့ပဲ အရမ်းကို လွတ်လပ်ပေါ့ပါးသွားပါလိမ့်မယ်။ အရင်ကတော့ ပူလောင်နေရလို့ ဘာမှလုပ်ချင်စိတ်မရှိ၊ ဖြစ်ချင်စိတ်မရှိနဲ့ လေလွင့်နေရာကနေ ကိုယ်စိတ်ကြိုက်လုပ်ချင်တာတွေ ရှိလာပါလိမ့်မယ်။ တစ်ခုပြီးတစ်ခုလုပ်ချင်စိတ်တွေ၊ ပျော်ရွှင်ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။

နာကျင်မှုတွေ၊ ပူပန်မှုတွေမရှိတော့ခြင်း

မေ့နိုင်သွားရင် နာကျင်ခံစားရတာတွေပါ ယူပစ်လိုက်သလို ပျောက်သွားမှာပါ။ ဘာအပူအပင်မှမရှိတော့ပဲ တစ်ယောက်ထဲသာသာယာယာနဲ့ ပျော်တတ်လာမယ်။ နာကျင်ခံစားစရာတွေမရှိတော့တဲ့အတွက် အရင်ကဖြစ်ခဲ့တာတွေကို ပြန်တွေးရင်တောင် ရယ်ချင်လာပါလိမ့်မယ်။ ဒါကြောင့် မေ့နိုင်အောင်သာ အမြန်ဆုံးကြိုးစားပါ။

စိတ်ချမ်းသာပျော်ရွှင်ရခြင်း

မမေ့နိုင်ပဲ ဆက်ပြီးဖက်တွယ်နေရင် နေ့ရက်တိုင်းက စိတ်ဆင်းရဲစရာတွေနဲ့ပြည့်နေပြီး စိတ်ညစ်နေရမယ်။ ပူလောင်နေရပါမယ်။ မေ့နိုင်သွားတဲ့အခါမှာတော့ စိတ်ချမ်းသာပျော်ရွှင်မှုကို ချက်ချင်းရလာပါလိမ့်မယ်။ ပျော်အောင်နေရင် ကိုယ့်အတွက်က ပျော်စရာတွေချည်းပဲ ဖြစ်လာမှာပါ။ တခြားသူဆီကရလာတဲ့ ပျော်ရွှင်မှုမျိုး၊ တခြားသူကပေးမယ့် ပျော်ရွှင်မှုမျိုးတွေကို မမက်မောပဲ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေပါ။

ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်လာခြင်း

အရမ်းနာကျင်ခဲ့ရတဲ့အတိတ်တွေထဲကနေ ရုန်းထွက်လာနိုင်ရင်၊ အဲ့ဒီလူတစ်ယောက်ကို မေ့နိုင်သွားရင် ကိုယ့်ကိုယ်ကိုပိုပြီး တန်ဖိုးထားတတ်လာမယ်။ ကိုယ့်ကိုယ်ကိုပိုချစ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်တတ်လာမယ်။ အရင်ထက်လှအောင်နေချင်စိတ်တွေ ဖြစ်လာမယ်။ ကိုယ့်အတွက်ကိုယ် စဉ်းစားပေးတတ်လာပါမယ်။

ဒါကြောင့် လူတိုင်းက ဘယ်လောက်ချစ်ချစ် အချိန်တန်ရင် မေ့သွားကြမှာပါပဲ။ ကိုယ်တိုင်လည်း ဘယ်လောက်ပဲ ဒီလူကိုချစ်ပါတယ်၊ မမေ့နိုင်ပါဘူးလို့ပြောနေလည်း အချိန်ကြာလာရင် မေ့သွားမှာပါ။ မေ့မှာချင်းတူတူတော့ မြန်မြန်မေ့ပစ်နိုင်ရင် အကြာကြီး မနာကျင်ရတော့ဘူးပေါ့။