မင်္ဂလာပါနော်။ အမျိုးသမီးတိုင်း လှပကျော့ရှင်းတဲ့ သတို့သမီး တစ်သက်မှာ တစ်ခါလောက်တော့ ဖြစ်ချင်ကြပါတယ်။ သတို့သမီးဝတ်စုံကိုလည်း အလှဆုံးနဲ့ အကြိုက်ဆုံးဖြစ်အောင် စိတ်တိုင်းကျ ရွေးချယ်ဝတ်ဆင်ကြပါတယ်။

ချစ်စရာကောင်းတဲ့ သတို့သမီးဝတ်စုံလေးနဲ့တူတဲ့ကိတ်မုန့်လေးဆိုရင်ရော သဘောကျကြမလား။

မင်္ဂလာသတို့သမီးဝတ်စုံလေးနဲ့ ဆင်တူတဲ့ ကိတ်မုန့်ကို Emma Hayne Morris က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အရမ်းကိုလှတဲ့ သတို့သမီး ဝတ်စုံပုံလေးဖြစ်ပါတယ်။ ဒီဝတ်စုံပုံကိုတော့ ဖိလစ်ပိုင်နိုင်ငံက ဒီဇိုင်နာ Mak Tumang ရဲ့ ဒီဇိုင်းကို မှီငြမ်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုသတို့သမီးကိတ်မုန့်လေးက အမြင့် ၆ ပေရှိပြီး အလေးချိန် ၁၃၂ ပေါင်ရှိပါတယ်။ ပန်းပွင့်ပေါင်း ၁၁၀ နဲ့ အလှဆင်ထားပါတယ်။

ဒီကိတ်မုန့်လုပ်ဖို့ ၁၀ ရက်အချိန်ပေးခဲ့ရပါတယ်။ ၁၃၂ ပေါင်လေးတာမို့ လူ (၆) ယောက်လောက်ပေါင်းကာ ဒီကိတ်မုန့်ကို မရွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိတ်မုန့်ပုံမပျက်အောင် ပြပွဲကို သေချာသယ်လာပြီး လာရောက်ပြသခဲ့တာပါ။

အဲဒီကိတ်မုန့်ကို လန်ဒန် နိုင်ငံတကာ ကိတ်မုန့်ပြပွဲမှာ ဝင်ရောက်ပြသခဲ့တာဖြစ်ပြီး ပွဲလာသူတွေရဲ့ ချီးကျူးသြဘာပေးမှုကို ရရှိခဲ့ပါတယ်။

သူမရဲ့ တီထွင်ဆန်းသစ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇိုင်နာ Mak Tumang ကလည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။