ကိုယ့်အပေါ် ကောင်းတဲ့ လူတစ်ယောက်၊ ယောကျာ်းကောင်းတစ်ယောက်ကို ဒီခေတ်မှာ ရှာရတာက ခဲယဉ်းလာပါပြီ။ ဒါကြောင့် ကောင်လေးတစ်ယောက်ကို သင်က သဘောကျပြီး သင့်အပေါ်လည်း သူက အနွံတာခံမယ်၊ အောက်မှာ ပြောထားတဲ့အချက်တွေကိုလည်း လုပ်ပေးမယ်ဆိုရင်တော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့။ အောက်မှာ ပြောထားတဲ့ အချက်တွေအတိုင်း မလုပ်ပေးရင်တော့ သူက သင်နဲ့ ထိုက်တန်သူ မဟုတ်သေးပါဘူး။

ဘာအချက်တွေလဲဆိုတော့-

၁။ သင့်ကိုလေးစားတယ်

သူက သင့်ကို အထင်အမြင်သေးပြီး နှိမ့်ချဆက်ဆံတာမျိုးမရှိပါဘူး။ တန်းတူညီမျှ လေးလေးစားစား ဆက်ဆံတတ်ပါတယ်။ သင့်ရဲ့ ထင်မြင်ချက်တွေကို အလေးထားပြီး သင့်ကို နေရာပေးတတ်ပါတယ်။

၂။ သင့်အတွက် ကြိုးစားတယ်

မတွဲခင်က ချစ်ရေးဆိုကာ အတင်းကြီးပိုးပန်းခဲ့ပေမယ့် အဖြေပေးလိုက်တဲ့အချိန် ပေါ့သွားတဲ့ ယောကျာ်းတွေရှိပါတယ်။ တကယ်လို့ သင့်ကောင်လေးက အဲ့လိုမဟုတ်ဘဲ Anni တိုင်း တစ်ခုခုတော့ အမှတ်တရလုပ်ပေးမယ်၊ သင့်ကို ချစ်ကြောင်းအမြဲပြနေသေးတယ်ဆိုရင်တော့ သူက လက်တွဲဖော်ကောင်းပါ။


၃။ သင့်ကို ချစ်တဲ့အကြောင်းပြောတယ်

သူက သင့်ကို အမြဲ ချစ်နေတဲ့အကြောင်း သိအောင် ပြောတတ်ပါတယ်။ သူ့အချစ်ကို ဖော်ပြပါတယ်။

၄။ သင်ရယ်မောအောင် လုပ်တယ်

ဟာသ မပြောတတ်တဲ့လူဆိုရင်တောင် အနည်းဆုံး တစ်ခါလောက်တော့ သင်ပြုံးအောင် စနောက်တတ်ပါတယ်။ သင့်ကို အမြဲပျော်စေချင်တဲ့ ဆန္ဒရှိသူပါ။

၅။ သင်ပြောတာကို နားထောင်တယ်

သင်ရင်ဖွင့်တာတွေ၊ သင့်အခက်အခဲတွေကို အမြဲနားထောင်ပါတယ်။ ပြဿနာတစ်ခုကို တိုင်ပင်ရင်လည်း စိတ်ရှည်ရှည်နားထောင်ပါတယ်။ သင်ပြောသမျှကိုလည်း မှတ်ထားတတ်ပါတယ်။

၆။ သင့်ကို မိတ်ဆက်ပေးတယ်

သင်နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ဓာတ်ပုံတွေ မတင်ရင်တောင် သင့်ကို သူ့သူငယ်ချင်း သူ့အသိုင်းအဝိုင်းနဲ့ မိတ်ဆက်ပေးပါတယ်။ လူကြားထဲ သင့်လက်ကို ရဲရဲကိုင်ပြီး အတူလက်တွဲလျှောက်ဖို့ ဝန်မလေးပါဘူး။


၇။ သင့်ကို သက်တောင့်သက်သာဖြစ်စေတယ်

သင့်ကို ချစ်တဲ့လူက သင်ငိုအောင် မလုပ်ပါဘူး။ သင်ဝမ်းနည်းခဲ့ရင်တောင် သင့်ကို ပွေ့ဖက်တာ ဒါမှမဟုတ် အားပေးစကားပြောပြီး နှစ်သိမ့်ပေးတတ်ပါတယ်။

၈။ အသစ်အသစ်တွေ အတူတူလုပ်တယ်

သင်နဲ့ Activity အသစ်တွေ တူတူလုပ်ပေးပါတယ်။ တကယ်လို့ သင်က စိတ်ဝင်စားပြီး သူမကြိုက်တဲ့အရာဖြစ်ရင်တောင် သည်းခံပြီး သင်နဲ့အတူ လိုက်လုပ်ပေးတတ်ပါတယ်။


၉။ သင့်ကို အမြဲလှတယ်လို့ မြင်သူ

သင့်ရဲ့ ဗိုက်ခေါက်တွေ၊ မျက်နှာပေါ်က အမည်းစက်တွေကို သဘောမကျဘူးလို့ သူ့ရှေ့မှာ ငြီးပေမယ့် သူက ဒါတွေကိုပဲ လှတယ်လို့မြင်သူပါ။ သင်ဘယ်လိုနေနေ သူ့မျက်လုံးထဲမှာတော့ ချစ်စရာကောင်းနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်တော့ အမြဲလှအောင် နေပါလို့ မိန်းကလေးတွေကို အကြံပေးပါရစေ။

၁၀။ သင့်အပေါ်ရိုးသားတယ်

သင့်ကို သိုဝှက်ထားတာ ဘာမှမရှိပါဘူး။ တကယ်လို့ လိမ်ပြောခဲ့ရင်တောင် သင်က အမှန်အတိုင်းပြောဖို့ တောင်းဆိုရင် သူက အမှန်အတိုင်း ပြောလာပါလိမ့်မယ်။


၁၁။ သင့်ကို အားပေးတယ်

သင်စိတ်ဓာတ်ကျတဲ့အချိန်တိုင်းမှာ သူက အားပေးတတ်ပါတယ်။ သင့်ကို အကြံပေးပါတယ်။ သင့်ကိုပျော်အောင်ထားပါတယ််။

ဒီအချက်တွေအားလုံးက သင့်ကို အမှန်တကယ်ချစ်ရင် လုပ်ကို လုပ်ပေးရမယ့် အချက်တွေပါပဲ။ တကယ်လို့ မဟုတ်ခဲ့ရင်တော့ သင့်အချိန်တွေကို မဖြုန်းပါနဲ့တော့။

Photo Source: Pinterest

By MyStyle Myanmar