Disney ကာတွန်းထဲက ဇာတ်ကောင်တွေက ကြည့်ဖူးတဲ့သူတွေ တစ်သက်တာ မမေ့နိုင်မယ့် ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ သူတို့နဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ သူတွေဟာ Disney ထဲက မင်းသမီးလေးတွေ၊ မင်းသားလေးတွေကို ချစ်ခင်တတ်ကြပါတယ်။ ကာတွန်းကားတွေက ကြည့်ရတာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီး ပျော်ဖို့ ကောင်းတာကြောင့် တချို့ဆိုရင် အသက်အရွယ် တစ်ခု ရလာတဲ့အထိ ကာတွန်းဇာတ်လမ်းတွေကို ပြန်ကြည့်နေကြတုန်းပါပဲ။ ဒီတစ်ခေါက်မှာတော့ Disney ထဲက မင်းသမီးတွေနဲ့ မင်းသားလေးတွေကို အခုခေတ် ပုံစံလေးတွေနဲ့ တွဲစပ်ကာ ရယ်စရာဟာသ ပုံရိပ်ဖန်တီးမှုတွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Friends ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခုကို Inspire ယူထားကာ ဒီနေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး သုံးဦးကတော့- Snow White, Cinderella နဲ့ Sleeping Beauty “Rose” တို့ပါ။

Disney မင်းသမီးတွေသာ အခုခေတ်မှာရောက်ခဲ့မယ်ဆိုရင် ရည်းစားထားဖို့ သိပ်မတွေးတဲ့ ခပ်ဆိုးဆိုးမိန်းကလေးတွေ ဖြစ်နေနိုင်ပါတယ်။

အိပ်နေတဲ့ Cinderella ကို မနှိုးဘဲ သူငယ်ချင်းကောင်းတွေပီပီ မျက်နှာပေါ်မှာ ပုံဆွဲမယ်။

အခုခေတ်မှာသာ Disney မင်းသမီးတွေ ပါတီပွဲ လုပ်ဖြစ်ခဲ့ရင် Sleeping Beauty က မူးမူးနဲ့ အိပ်နေမှာ ဖြစ်ပြီး Little Mermaid Ariel ကတော့ ခွက်ထဲ ရေသူမ ပုံစံနဲ့ ကဲနေနိုင်ပါတယ်။

မနက်ခင်းမှာ တကယ်တွေ့ရမယ့် မျက်နှာကို ပုံဖော်ပြထားတဲ့ Cinderella

စုန်းမကြီးက စနိုးဝှိုက်ကို Apple ပေးခဲ့မယ်ဆိုရင် အိပ်ပျော်သွားတဲ့ ပြဿနာလည်း ရှိချင်မှ ရှိမှာပါ။

Sleeping Beauty လို အိပ်ရင်းနဲ့ Netflix ကြည့်မယ်။

ဒီခေတ်မှာတော့ ကိုကိုတွေ၊ မောင်လေးတွေထက် ပီဇာယူလာဖို့က ပိုအရေးပါနေပါပြီ။

ဒါမှ ဒို့ကိုကို Charming လို့ ပြောနေတဲ့ Cinderella

ဖုန်းကိုယ်စီနဲ့ အလုပ်များနေတဲ့ “The Little Mermaid” ထဲက Ariel နဲ့ Prince Eric

New Wonderland ထဲကို ရောက်လာတဲ့ ကောင်မလေး Alice။ ဒါပေမဲ့ သူမက ပုံမှန်အတိုင်း ပျင်းနေတုန်းပါပဲ။

အိမ်မှာပဲ အေးအေးဆေးဆေး Chill နေပါဆိုတဲ့ မင်းသမီးလေး Belle

အခုမှပဲ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ ဖိနပ်တစ်ဘက်ကို ပြန်တွေ့တော့တယ်။

Photo Source: Pinterest

By MyStyle Myanmar