လူနှစ်ဦး ဆက်ဆံရေးဟာ ရုပ်ရှင်ကားတစ်ခုထဲကလို ရိုးရှင်းတဲ့အရာမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်မိသွားရင် ဘယ်လိုဖြစ်သလဲဆိုတာကလည်း စကားလုံးနဲ့ ဖော်ပြလို့မရပါဘူး။

ဒါပေမယ့် သူကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာကို သူ့အပြုအမူကနေတဆင့် သိနိုင်ပါတယ်။

၁။ သူသင့်ကို တကယ်ချစ်ရင် ကတိတည်ပါလိမ့်မယ်။

၂။ သင့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လေးစားပါလိမ့်မယ်။

၃။ သူသင့်ကို သဝန်တိုမယ့်အစား သင့်လို လှပတဲ့ မိန်းကလေးကို ပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ယူနေမှာပါ။

၄။ တခြားသူတွေနဲ့ အချိန်ဖြုန်းမယ့်အစား သင်နဲ့အတူတူ အချိန်တွေကို ကုန်ဆုံးမှာပါ။

၅။ သင်ဝမ်းနည်း စိတ်ဓာတ်ကျနေချိန်မှာ သင်ပြောတာ နားထောင်ပေးပြီး သင့်နားမှာ နေပေးမှာပါ။

၆။ သူတစ်ခုခု မလုပ်ခင် သင့်ကို အရင်တိုင်ပင်မှာပါ။

၇။ သင့်ရဲ့ အဆင်မပြေတဲ့ အပြစ်သေးသေးလေးတွေ၊ တခါတလေ အချိုးမပြေမှုတွေကို လက်ခံပါလိမ့်မယ်။

၈။ အနာဂတ်အတွက် အစီစဉ်တွေအတူတူ ဆွဲကြမှာပါ။

၉။ သင့်ကျန်းမာရေးကို ဂရုစိုက်လိမ့်မယ်။

သင့်ကို သူတကယ်ချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

၁၀။ သင်ဖြစ်ချင်တာကို ထောက်ပံ့ပေးမယ်။

၁၁။ သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးလိမ့်မယ်။

၁၂။ သင်ပြောတဲ့ ကိစ္စသေးသေးလေးတွေကို အစ မှတ်မိနေမယ်။