ချစ်သူကောင်လေးက သင့်ကို တကယ်ချစ်တာမလား ဟန်ဆောင်နေတာလားဆိုတာ သူပြောတဲ့အရာတွေထက် သူလုပ်နေတဲ့အရာတွေက သက်သေပြနေပါတယ်။ ချစ်သူကောင်လေးက ဒီ အချက်ထဲက တစ်ချက်ထက် ပိုနေပြီဆိုရင် သေချာပါတယ်။ သင့်အပေါ် သူချစ်မိသွားပါပြီ။

ယောက်ျားလေးတစ်ယောက်က ချစ်မိသွားတဲ့အခါ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သင်နဲ့ နေ့တိုင်း စကားပြောချင်နေပါလိမ့်မယ်။

တကယ်ချစ်တဲ့ယောက်ျားလေးတွေက မင်းနဲ့တွေ့ဖို့ အချိန်ပေးပါလိမ့်မယ်။

ကိုယ့်အကြောင်း တစ်ချက်မမေးတဲ့ ယောက်ျားတစ်ယောက်နဲ့ ချိန်းတွေ့ဖူးလား ? သင့်ကို တကယ်ဂရုစိုက်တဲ့ယောက်ျားကတော့ သင်နဲ့ပတ်သက်အရာအားလုံးကို သိချင်နေတာပါ။

ယောက်ျားလေးတစ်ယောက်က သင့်ကိုအရမ်းလေးလေးနက်နက်ချစ်မိသွားတဲ့အခါကျရင် သင့်အတွက်အရေးကြီးတဲ့သူတွေနဲ့ တွေ့ချင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က သင့်ရဲ့ အစိတ်အပိုင်းမို့လို့ပါ။

လူတွေက သူတို့ အလေးအနက်မထားတဲ့လူတွေကို လိမ်ပြောဖို့ဝန်မလေးတတ်ပါဘူး။ ဒါပေမယ့် သူတို့ချစ်တဲ့သူကိုတော့ အမြဲတမ်းအမှန်ပြောဖို့ဘဲ ကြိုးစားတတ်ပါတယ်။

ယောက်ျားလေးတစ်ယောက်က ချစ်မိသွားတဲ့အခါ သူတို့က မင်းကို အားကိုးစေချင်တယ်။ သင့်ရဲ့ယုံကြည့်မှုက သူတို့အတွက် တကယ်အရေးကြီးလို့ပါ။

ယောက်ျားလေးတစ်ယောက်က အနာဂတ်အတွက် အစီအစဉ်တွေလုပ်တဲ့အခါ သင့်ကိုချန်မထားခဲ့ဘူး အတူရှိချင်တယ်ဆိုရင် သူ့စိတ်ထဲမှာ သင်ရှိလို့ပါ။