အခုနောက်ပိုင်း၊ ဖက်ရှင်လောကထဲ ဖြည်းဖြည်းချင်းခေတ်စားလာတာရှိပါတယ်။ အဲ့ဒါကတော့ Dad Pants ပါ။ Dad Pants တွေက ဒီနှစ်မှာ စမ်းကြည့်သင့်တဲ့ ခေတ်ရေစီးကြောင်းတစ်ခုမလို့ အိမ်ကအဖေ မဝတ်တော့တဲ့ ဘောင်းဘီတွေ ရှိရင် ယူပြီး ဒီလိုလေးတွေဝတ်ကြည့်ပါ။ ပုံစံမြင်နေကျပုံစံနဲ့မတူဘဲ တစ်မျိုးလေး ကွဲထွက်နေမှာပါ။

ကြိုးတစ်ချောင်း ဒါမှမဟုတ် ညှပ်ရိုးတွေကို အသားပေးဖော်တဲ့ ဒီလို Top တွေနဲ့ တွဲဝတ်တဲ့ ဒီလိုမျိုး ဖက်ရှင်တွေက အခုခေတ်မှာ အရမ်းခေတ်စားနေပါတယ်။

အဖြူအမည်းအစင်း Dad Pant ကို တီရှပ်အင်္ကျီအဖြူနဲ့လည်း တွဲဝတ်လို့ရပါတယ်။

အဝါနုရောင် Dad Pant ကိုတော့ လိမ္မော်ရောင် Top ဒေါက်ဖိနပ်နဲ့ တွဲဝတ်ကြည့်ပါ။

Casual Look အတွက်ဆိုရင်တော့ ဒီလိုဝတ်တာက ပေါ့ပေါ့ပါးပါးလေးနဲ့ အမိုက်စားပုံစံ ဖြစ်စေပါတယ်။

အနက်ရောင်ဘောင်းဘီကို အနက်ရောင် Ribbed ရှပ်အင်္ကျီ နဲ့ အပေါ်ကနေ သားရေဂျာကင်ကို ၀တ်လိုက်ရင် သင့်ဖက်ရှင်က လုံးဝကွဲထွက်နေမှာ အသေချာပါ။

အဝါနုရောင် Dad Pant ကို ဆွယ်တာတစ်ထည်နဲ့တွဲဝတ်ရင်တော့ ဆောင်းရာသီအတွက် ချစ်စရာကောင်းတဲ့ ၀တ်စုံလေး ရမှာပါ။

Dad Pant ကို အနက်ရောင် Band Tee ဒါမှမဟုတ် Graphic Shirt ကို Converse ဖိနပ်နဲ့တွဲဝတ်တာကလည်း လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ဖက်ရှင်ပါ။

ရိုးရိုးတီရှပ်အင်္ကျီ ၊ အနက်ရောင် Blazer နဲ့ Dad Pant ကို တွဲဝတ်ရင်တော့ လုပ်ငန်းခွင်မှာ ဖက်ရှင်ကျစေပြီး တစ်နေ့တာလုံး သက်တောင့်သက်သာရှိစေပါတယ်။

Dad Pant ကို ပေါ့ပေါ့ပါးပါး Top လေးနဲ့တွဲဝတ်ပြီး ချစ်စရာကောင်းတဲ့ အိတ်တစ်လုံးနဲ့ နေကာမျက်မှန်တစ်ရံ ထည့်ပြီးရင်တော့ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ ၊ အလုပ်အတွက် ၊ ဈေးဝယ်ထွက်ဖို့ ဘယ်အတွက်ဘဲဖြစ်ဖြစ် ဒီလိုလေးတွဲဝတ်တာက အရမ်းမိုက်ပြီး အရမ်းလှပါတယ်။ နွေရာသီအတွက် အရမ်းဝတ်လို့ကောင်းတဲ့ ဖက်ရှင်ပါပဲ။