အမျိုးသမီးတွေရဲ့ ဘဝမှာ တကယ်ကို လိုအပ်ပြီး တကယ်ကို လိုချင်တဲ့ စိတ်ကူးယဉ်အမျိုးသားပုံစံတွေ ရှိကြပါတယ်။ ပုံပြင်တွေထဲကမင်းသားလို ပုံစံမျိုးတွေ သူတို့ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။

တကယ်ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ စိတ်ကူးယဉ်ထဲက မင်းသားတွေကတော့ သူတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိကြပါတယ်။ ဘယ်လို အမျိုးသားပုံစံတွေက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက မင်းသားပုံစံတွေလည်းဆိုတာကို တိတ်တိတ်လေး ပြောပြပေးမယ်နော်။

ကောင်မလေးတွေ အရမ်းအလိုရှိတဲ့ ပုံစံပါ။ ပန်းစည်းပေးတာ မထင်မှတ်ထားတဲ့ လက်ဆောင်ပို့တာ surprise တွေ မကြာခဏကျွေးတာတွေပေါ့။ ချစ်မက်ဖွယ်ရာ စကားအလှလေးတွေ ၊ ရင်ခုန်ဖါယ်ရာအပြောအဆို အထိအတွေ့လေးတွေက ကောင်မလေးတွေအဖို့ ရူးသွပ်ပြီး အရမ်းတပ်မက်တဲ့ အရာတွေ ဖြစ်တာကြောင့် သူတို့အလိုရှိတဲ့ ကိုကိုတွေထဲမှာ ရိုမန့်စ်ကိုကိုတွေက ထိပ်ဆုံးတန်းက ဦးဆောင်နေပါတယ်။

မိန်းကလေးတွေ စိတ်ကူးယဉ်အိပ်မက်ထဲက မင်းသားတွေထဲမှာ စမတ်ကျတဲ့ ကိုကိုတွေလည်း ပါဝင်ပါတယ်။ အကြည့်တစ်ချက် အပြုံးတစ်ချက် စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှု နဲ့စမတ်ကျကျ ပြုမူပြောဆိုဟန် ရှိသူတွေကိုလည်း ကောင်မလေးတွေက အလိုရှိကြပါတယ်။ ဒီတော့ ဒီနေ့ကစပြီး စမတ်ကျကျ နေထိုင်ပြောဆိုကြည့်ကြပါနော်။

ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အားကိုးချင်စရာကိုကိုတွေကိုလည်း ကောင်မလေးတွေက အားကိုးစိတ်နဲ့ သဘောကျကြပါသေးတယ်။ အသက်ငယ်တဲ့ ကောင်လေးတွေထက် ကောင်မလေးတွေက သူတို့ထက် အသက်ကြီးသူကို ပိုသဘောကျလေ့ရှိပါတယ်။

အတူသွားရင်းလာရင်း အလိုက်တသိ ကူညီပေးတတ်ကြတဲ့ ကိုကိုတွေကိုလည်း ကောင်မလေးတွေက စိတ်ကူးယဉ်တတ်ကြပါသေးတယ်။ အိတ်တွေကို ကူညီသယ်ပေးတာ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးတာဟာလည်း သဘောရိုးနဲ့ ဖြစ်နေပါစေ ကောင်မလေးတွေက တကယ်ကို အထူးကျေနပ်တတ်ကြပါတယ်။

ဆိုရှယ်လ်ကျတယ်ဆိုတာ ပါတီတက် ပွဲသွားတာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ လူဝင်ဆန့်တာ စကားပြောကောင်းတာ ကောင်မလေးတွေရဲ့ မိသားစုဝင်တွေနဲ့ ပလဲနံသင့်တာတွေက ကောင်မလေးတွေ အထူးဂရုပြုမိပြီး ရင်ခုန်ရတဲ့ အချက်တွေပဲဖြစ်ပါတယ်။