ရေခဲတုံးလေးတွေကို အမောပြေဖို့ ရေအေးအေးလေး သောက်ဖို့သာမက သင့်ရဲ့ အသားအရေ အလှအပအတွက်လည်း အသုံးပြုလို့ရပါတယ်။

နေလောင်ကွက်တွေ ပျောက်ကင်းစေဖို့

နွေရာသီမှာ နေလောင်ထားတဲ့အသားအရေကို ရေခဲကပ်ပေးလိုက်ပါ။ လိမ္မော်သီးကိုလည်း အရည်ညှစ်ထည့်ပြီး ရေခဲတုံးနဲ့ တွဲသုံးပေးလို့ရပါတယ်နော်။ အခုလိုသုံးပေးမယ်ဆိုရင်တော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နေလောင်ကွက်တွေကို သက်သာစေမှာပါ။

အသားအရေ စိုပြေစေဖို့

အသားအရေလေး ကျန်းမာစိုပြေစေဖို့ ခရင်မ်တွေ Lotion တွေအပြင် ရေခဲကိုပါသုံးပေးသင့်ပါတယ်။ ရေခဲတုံးကို အဝတ်စနဲ့ ပတ်ပြီး မျက်နှာပေါ်မှာ ပွတ်တိုက်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

မျက်ကွင်းညိုတာတွေ သက်သာစေဖို့

မျက်ကွင်းညိုတာတွေ သက်သာပျောက်ကင်းစေဖို့အတွက်လည်း ငွေကြေးသိပ်ကုန်ကျခံစရာမလိုပါဘူး။ ရေခဲတုံးကို မျက်လုံးအောက်နားမှာ ကပ်ပေးပါ။ သခွားသီးကို ကြိတ်ပြီး ခဲထားကာ သုံးပေးလို့ရပါတယ်။ စိတ်ဖိစီးမှုကိုလည်း သက်သာစေမယ့်အပြင် မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်။

အသားအရေ ဓါတ်မတည့်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့။

ဝက်ခြံကြောင့် အသားအရေနီရဲ ရောင်ရမ်းနေရင် ရေခဲ ကပ်ပေးလိုက်ပါနော်။ အသားအရေ ရောင်ရမ်းတာကိုသက်သာစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း ကာကွယ်ပေးပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဆိုရင်လည်း ရေခဲတုံးကပ်ပေးပါ။ (သို့) အုန်းဆီကို ရေနည်းနည်းရောပြီး ခဲထားကာ ကပ်ပေးပါ။

အဆီပြန်တဲ့အသားအရေအတွက်

အဆီပြန်တဲ့အသားအရေအတွက် ရေခဲတုံးကို ကပ်ပေးနိုင်ပါတယ်။ ချွေးပေါက်လေးတွေကို ကျဉ်းစေပြီး အဆီပြန်တာကို သိသိသာသာ လျှော့ကျစေပါတယ်။