အကြောင်းအမျိုးမျိုးကြောင့် သင်က အခုလက်ရှိမှာ Single ဖြစ်နေတယ် ပြီးတော့ ရည်းစားမထားဘဲနေရတာကိုလည်း ပိုခုံမင်တယ်ဆိုရင် ကိုယ့်ရဲ့ Single ဘဝကို အကျိုးရှိရှိဖြတ်သန်းနိုင်ဖို့အတွက် Single တွေပဲ လုပ်နိုင်တဲ့အရာတွေကို စမ်းလုပ်ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Single မိန်းကလေးတွေအတွက် ကိုယ့်အားကိုယ်ကိုးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့နဲ့ ကိုယ့်ကိုကိုယ်ပိုနားလည်လာအောင် အာရုံစိုက်နိုင်ဖို့ အထောက်အကူပြုပေးနိုင်မယ့် (၂၅) ရက် Challenge အကြောင်းကိုပြောပြပေးချင်ပါတယ်။

ဒီ Challenge ထဲမှာ ကိုယ်မလုပ်ကြည့်ရသေးတဲ့အချက်တွေပါလာမလား ဆိုတာ ကြည့်လိုက်ရအောင်နော်-

Day 1- တစ်ယောက်တည်းဟာသကားတွေကြည့်ပြီးအပန်းဖြေပါ။

Day 2- စားချင်တဲ့အစားအသောက်တွေကို ကိုယ်ကြိုက်တဲ့အချိန် မှာပြီးစားကြည့်ပါ။

Day 3- တစ်ယောက်တည်းရုပ်ရှင်သွားကြည့်ပါ။

Day 4- တစ်ယောက်ထဲ ရက်တိုခရီးတစ်ခုခုထွက်ကြည့်ပါ။

Day 5- ကိုယ်မသိတဲ့လူစိမ်းတွေနဲ့ မိတ်ဆွေဖွဲ့ကြည့်ဖို့လည်းမမေ့ပါနဲ့။

Day 6- ကိုယ့်အတွက်အားဖြစ်စေမယ့်စာတွေနဲ့ ဘဝရဲ့ရည်မှန်းချက်တွေကိုစုစည်းထားတဲ့ ကိုယ်ပိုင် Dream Board တစ်ခုဖန်တီးပါ။

Day 7- ကိုယ့်ကိုကိုယ်ချစ်တတ်လာစေမယ့် အတွေးတွေကို အာရုံပြုပြီး တရားထိုင်ပေးပါ။

Day 8- Productive ဖြစ်ပြီး ရင့်ကျက်တဲ့ အတွေးအခေါ်တွေရစေဖို့ စာများများဖတ်ပါ။

Day 9- ဘဝအတွက်အရေးပါတဲ့ အလေ့အကျင့်ကောင်းတွေချရေးပြီး တစ်ခုချင်းအကောင်အထည်ဖော်ကြည့်ပါ။

Day 10- Social Media မှာ ကိုယ်နဲ့အဆင်မပြေတဲ့သူတွေကို Unfollow/ Unfriend လုပ်ပြီး ရှင်းထုတ်လိုက်ပါ။

Day 11- Social Media ကိုအချိန်အကန့်အသတ်ထားပြီးအသုံးပြုပါ။

Day 12- ပိတ်ရက်တွေမှာ အပေါင်းအသင်း ဒါမှမဟုတ် ဆွေမျိုးတွေနဲ့အချိန်ဖြုန်းကြည့်ပါ။

Day 13- သူငယ်ချင်းတွေနဲ့ Night Out လုပ်ကြည့်ပါ။

Day 14- သူငယ်ချင်းတွေကိုအိမ်အလည်ခေါ်ပြီး အတူတူအိပ်ကြည့်ပါ။

Day 15- ကိုယ်လိုချင်တဲ့ အနာဂတ်လက်တွဲဖော်ရဲ့ပုံစံကို ရေးချကြည့်ပါ။

Day 16- နေ့တိုင်းလိမ်းနေကျနဲ့မတူတဲ့ မိတ်ကပ်ပုံစံလေးတွေ ပြောင်းလိမ်းကြည့်ပါ။

Day 17- အသားအရေနုပျိုပြီး စိတ်ရောကိုယ်ပါကျန်းမာဖို့အတွက် Beauty Salon နဲ့ Body Spa တွေသွားကြည့်ပါ။

Day 18- ကိုယ်နဲ့ဝါသနာတူတဲ့သူတွေရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ပါဝင်ဆွေးနွေးကြည့်ပါ။

Day 19- Volunteer လုပ်ကြည့်ပါ။

Day 20- သူစိမ်းတစ်ယောက်ကိုချီးကျုးကြည့်ပါ။

Day 21- ကိုယ်နဲ့အဆင်မပြေတော့တဲ့ အသုံးအဆောင်တွေကို လိုအပ်တဲ့သူတွေဆီလှူလိုက်ပါ။

Day 22- စွန့်စားမှုတစ်ခုလုပ်ကြည့်ပါ။

Day 23- သူများနဲ့မတူတဲ့ ကိုယ့်ရဲ့ထူးခြားချက် အနည်းဆုံး (၁၀)ချက်ကိုရေးချပါ။

Day 24- ကိုယ့်အတွက်ရည်ရွယ်တဲ့ အားပေးစာတစ်ခုရေးပေးပါ။

Day 25- ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို တစ်ပတ်တစ်ခါ ရေးချတဲ့အကျင့်လုပ်ကြည့်ပါ။

သင့်အနေနဲ့ ဒီ (၂၅) ရက်တာ Challenge ကိုလုပ်နိုင်သွားတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ကျေးဇူးတင် ဂုဏ်ပြုပေးဖို့လည်း မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar