တေးဂီတဆိုသည်မှာ ဘယ်လိုအမျိုးအစားပဲဖြစ်နေပါစေ လူတစ်ဦးတစ်ယောက်အတွက် ကုထုံးတစ်ခုဖြစ်စေနိုင်ပြီး လက်ရှိလူကြိုက်အများဆုံးဖြစ်နေတဲ့ ဂီတအမျိုးအစားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကေပေါ့ဟာဆိုရင် နားထောင်သူတွေကို ကုထုံးအလား နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ပါတယ်။ ညအိပ်တဲ့အခါ လွယ်လွယ်အိပ်ပျော်အောင် သီချင်းအေးအေးလေးတွေ နားထောင်တာမျိုး (သို့) ဝမ်းနည်းနေချိန်မှာ အသည်းကွဲသီချင်းတွေကို နားထောင်ပြီး အားရပါးရငိုကြွေးပြီးနောက် ပေါ့ပါးသွားတာမျိုးတို့လို အခြေအနေတွေကို လူအများစုကြုံဖူး၊ ကိုယ်တိုင်လည်းလုပ်ဖူးကြမှာပါ။

ဒါပေမယ့် တစ်ခါတစ်လေကျရင် ကိုယ့်ဘာသာ တစ်ယောက်တည်း စိတ်ထဲမှာ မျိုသိပ်ပြီးကြိတ်ခံစားနေရမယ့်အစား အင်မတန်မြူးကြွလှတဲ့ သီချင်းတစ်ပုဒ်ကိုနားထောင်ရင်း အသားကုန်လိုက်အော်ဆိုပစ်ခြင်းဖြင့် ဒီလိုခံစားချက်တွေကို ပွင့်ထုတ်ပစ်လိုက်ပါ။ လက်ရှိအချိန်မှာလည်း ဒီလိုမျိုး စိတ်ရှုပ်စရာတွေကြုံတွေ့နေရတယ်ဆိုရင် အခုပြောပြပေးမယ့် မြူးမြူးကြွကြွ ကေပေါ့သီချင်းတွေကို နားထောင်ပြီး လိုက်ဆိုကြည့်နိုင်ပါတယ်။

1. BIGBANG – “BANG BANG BANG”

Source: Soompi

ဒီသီချင်းက ၂၀၁၅ ခုနှစ်ကတည်းက ထွက်ထားတာမို့ တချို့လူတွေအတွက်တော့ သီချင်းဟောင်းကြီးဖြစ်နေပြီလို့ ထင်ကောင်းထင်ရနိုင်ပေမယ့် ဘယ်တော့မှပစ်ပယ်လို့မရတဲ့ သီချင်းကောင်းပါ။ သီချင်းဖွင့်လိုက်ပြီဆိုတာနဲ့ တစ်ပုဒ်လုံး လိုက်မဆိုဘဲ မနေနိုင်လောက်အောင်ကို စွဲတတ်တဲ့ BIGBANG ရဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။

2. PSY feat. BTS’ Suga – “That That”

Source: Soompi

ကိုဗစ်ဘေးကပ်ဆိုးကြောင့် အချိန်အတော်ကြာ အိမ်တွင်းအောင်းနေရလို့ အရမ်းပွင့်ထွက်ချင်သူတွေအတွက် ၂၀၂၂ တုန်းကမှ ထွက်ရှိထားပြီး အရမ်းလူကြိုက်များခဲ့တဲ့ PSY ရဲ့ “That That” သီချင်းကို ညွှန်းပေးချင်ပါတယ်။ BTS အဖွဲ့ရဲ့ Suga လည်း ပါဝင်သီဆိုထားပြီး အင်မတန် မြူးကြွစရာကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့ လိုက်နားထောင်ရင်း အတူခုန်ကလိုက်ပါ။

3. 2NE1 – “I AM THE BEST”

Source: Korea.net

ဘယ်တော့မှ မေ့ပျောက်မရနိုင်တဲ့ ကေပေါ့အမျိုးသမီးအဖွဲ့ 2NE1 ရဲ့ “I AM THE BEST” သီချင်းဟာဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်နေချိန်မှာ ယုံကြည်ချက်ကို ပြန်လည်တိုးမြှင့်ပေးမယ့် သီချင်းကောင်းတစ်ပုဒ်ပါ။ လိုက်မဆိုရ မနေနိုင်လောက်တဲ့ chorus ပိုင်းက နားထောင်သူတိုင်းကို အမြဲတမ်း အသံကျယ်ကျယ်နဲ့ အော်ဟစ်သီဆိုစေနိုင်ပါတယ်။

4. BLACKPINK – “BOOMBAYAH”

Source: Soompi

ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေချစ်ရတဲ့ ကောင်မလေး လေးယောက်ပါဝင်တဲ့ BLACKPINK ရဲ့ debut သီချင်း “BOOMBAYAH” ကလည်း ထွက်ခဲ့တာ ၇ နှစ်ကြာခဲ့ပြီဆိုပေမယ့်လည်း ယနေ့အချိန်ထိ ပြန်ကြားတိုင်း လည်ပင်းကွဲထွက်မတတ် လိုက်ဆိုနေကြဆဲပါပဲ။