ဆံသားခြောက်သွေ့ပြီဆိုရင် ဆံသားတွေက ပိုပြီး ရှုပ်ထွေးပါတယ်။ ခေါင်းဖြီးတဲ့အခါမှာလည်း ပုံမှန်ထက်ပိုပြီး ဆံပင်ကျွတ်ပါတယ်။ ဆံသားခြောက်သွေ့သူများအတွက်တော့ Hydrating hair mask က မရှိမဖြစ်ပါပဲ။ ဒါကြောင့် ဆံသားခြောက်သွေ့သူများအတွက် သလဲသီးနဲ့ ဆံပင်ပေါင်းတင်နိုင်မယ့် နည်းလမ်းဖြစ်တဲ့ Hydrating hair mask ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
လုပ်ရမယ့်နည်းလမ်းကတော့ ဒိန်ချဉ် – ပန်းကန်လုံးတစ်လုံးစာနဲ့ သလဲသီးအစေ့တွေကို ကြိတ်ပြီး သံပုရာရည် (သို့) သံပယိုရည် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောမွှေပါ။ ပြီးရင်တော့ ဆံပင်အဖျားကနေ အရင်းထိ သေချာနှံ့အောင်လိမ်းပြီး လက်နှစ်ဖက်နဲ့ ဆံပင်ကိုရိုက်ရိုက်ပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။
ဒီပေါင်းတင်နည်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင်တော့ သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။