“အဆိုးမြင်ဝါဒနဲ့တော့ ကောင်းတဲ့ဘဝကို မရနိုင်ပါဘူး။” (ဂျော့စ်မီယာ)

မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က သုတေသီ ဘာဘရာ ဖရစ်ဒစ်ဆန် လေ့လာထားတဲ့ စာတမ်းမှာ ဖော်ပြထားတာက သူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့သူတို့ကိုယ်တိုင် အကောင်းမြင်တတ်တဲ့ အပြုသဘောစိတ်ထားတွေ ရှိသင့်တယ်လို့ ရေးသားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြုသဘောဆောင်တဲ့ စိတ်ထားဟာ ကိုယ့်စိတ်ကို ကျန်းမာ(ပျော်ရွင်)နေစေရုံမကပဲ လူတိုင်းကို ပိုမိုသာယာပျော်ရွယ်ဖွယ်ကောင်းတဲ့ဘဝတွေ အလုပ်တွေအပြင် မိမိတစ်ကိုယ်စာ ကျန်းမာရေးအတွက်ပါ လွန်စွာမှ အထောက်အကူပြုပေးနေလို့ပဲ ဖြစ်ပါတယ်။

သင်စိတ်ထဲမှာ အရာတစ်ခုခုကို အကောင်းမြင်တဲ့စိတ်ဝင်နေတယ်ဆိုရင် သင်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အချိန်ဖြစ်ပါတယ်။ စိတ်ပညာကျွမ်းကျင်သူအများစုက အပြုသဘောဆောင်တဲ့ စိတ်ထားရှိတဲ့သူတွေဟာ ကိုယ့်လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်တွေဖြစ်လာတယ်ဆိုတာကို သဘောတူထားကြပါတယ်။

ဘာကြောင့်ဒီလို ယူဆကြပါသလဲ။ ဒီအောက်မှာဖော်ပြထားတဲ့ အချက်တွေကြောင့်ပဲလို့ ယူဆရမှာဖြစ်ပါတယ်။

  • အပြုသဘောဆောင်တဲ့ စိတ်ကြောင့် လုပ်ငန်းခွင် တစ်လျှောက်လုံးမှာ စိတ်တူကိုယ်တူ မိတ်ဆွေအစစ်အမှန်တွေကို သင်ရရှိပိုင်ဆိုင်ပါလိမ့်မယ်။
  • သင့်ရဲ့ စွန့်ဦးတီထွင်မှုတွေအပေါ်မှာလည်း ထောက်ခံအားပေးတဲ့ အထောက်အပံ့ကောင်းတွေ ရှိလာပါလိမ့်မယ်။
  • သင့်မှာလိုအပ်နေတဲ့ အရည်အသွေးတွေကိုလည်း ဖြည့်ဆည်းပေးကြပါလိမ့်မယ်။
  • သင့်ရဲ့ စွမ်းရည်တွေ ပိုမိုတိုးတက်အောင်မွန်လာအောင် ကူညီပါလိမ့်မယ်။

  • သူများတွေအတွက် စိန်ခေါ်မှုဖြစ်နေချိန်မှာ သင့်အတွက် အခွင့်အလမ်း ဖြစ်သွားပါလိမ့်မယ်။
  • သင့်အတွက် စိတ်ဖိစီးမှုဆိုတာထက် အလုပ်ပိုမို ဖြစ်မြောက်မှု ဖြစ်စေပါလိမ့်မယ်။
  • သင့်ကို လုပ်ငန်းမှာ မြန်မြန်တက်ကြွမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကို ပေးပါလိမ့်မယ်။

ဒီအချက်တွေကြောင့် အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေကို သင်စတင်မွေးမြူဖို့ လိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ပါစေ။