MyStyle Myanmar ပရိတ်သတ်တွေအားလုံးမင်္ဂလာပါ။ ဘယ်သူမှ နေ့တိုင်း အဆင်ပြေနေတဲ့လူ အမြဲ ပျော်ရွှင်နေတဲ့လူဆိုပြီးမရှိပါဘူး။ အခက်အခဲတွေပြဿနာတွေကတော့ လူတိုင်းရင်ဆိုင်ရပါတယ်။ ဒီအခက်အခဲကို စိတ်ပင်ပန်းဆင်းရဲစွာ ကိုင်တွယ်မလား? ပေါ့ပေါ့ပါးပါးနဲ့ စိတ်အေးအေးထားပြီး ဖြေရှင်းမလား? ဒီနှစ်ချက်ထဲက ဘယ်အချက်ကို ရွေးမလဲဆိုတာကတော့ သင့်အပေါ်မူတည်သွားပါပြီ။ ရာသီခွင်အလိုက် သူတို့ရဲ့ နာကျင်မှုတွေကို ဖုံးကွယ်ထားပုံချင်း မတူကြပါဘူး။ တချို့တွေကတော့ မဖုံးကွယ်ဘဲ သူတို့နာကျင်မှုကို ဖွင့်ပြောတတ်ကြပါတယ်။ဘယ်ရာသီခွင်တွေက ဘယ်လိုမျိုးလဲ ကြည့်လိုက်ရအောင်နော်။

ခံစားချက်ကို မဖုံးကွယ်ထားတတ်တဲ့ ရာသီခွင် (၃) ခု


1. Cancer : June 21 – July 22
2. Leo : July 23 – August 22
3. Sagittarius : November 22 – December 21

ခံစားချက်ကို ဖုံးကွယ်ပေမယ့် အနှေးနဲ့အမြန် ပွင့်ကျလာတတ်တဲ့ ရာသီခွင် (၃) ခု


1. Pisces : February 19 – March 20
2. Aries : March 21 – April 19
3. Libra : September 23 – October 22

အောက်မှာ ဖော်ပြထားတဲ့ ရာသီခွင်တွေကတော့ ခံစားချက်တွေ နာကျင်မှုတွေကို ကောင်းကောင်းကြီး ဖုံးကွယ်တတ်ပါတယ်။ သူတို့နဲ့ ရင်းနှီးသူတွေ သူတို့အကြောင်း သိသူတွေပဲ သူတို့ရဲ့ ခံစားချက်ကို မြင်တတ်ကြပါတယ်။


1. Taurus : April 20 – May 20
2. Aquarius : January 20 – February 18

3. Capricorn : December 22 – January 19

ဒီရာသီခွင် (၃) ခုကတော့ ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ တကယ့် Pro အကျဆုံး တွေပါ။ စိတ်ထဲမှာ ဘယ်လောက်ထိ ငိုကြွေးပြီး သေဆုံးနေပေမယ့် အပြင်မှာတော့ အပြုံးမပျက်ပါဘူး။


1. Virgo : August 23 – September 22

2. Gemini : May 21 – June 20

3. Scorpio : October 23 – November 21

သင့်ရာသီခွင်က ဘယ်ရာသီခွင်လဲ။ ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ အပေါ်က အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar