မိန်းကလေးတွေရဲ့ အိမ်မက်တွေထဲက တစ်ခုက Hour Shape Body သဲနာရီလို Waist သေးသေး သွယ်သွယ်လေးပိုင်ဆိုင်ရဖို့ပါပဲ။ ခါးသေးတဲ့အခါ ဘာဝတ်ဝတ် ကြည့်လိုကောင်းတာကြောင့် ခါးတုတ်တုတ်ကြီး ဖြစ်နေတာမျိုးကိုတော့ ဘယ်မိန်းကလေးကမှ နှစ်သက်သဘောကျ ကြမှာမဟုတ်ပါဘူး။
သို့ပေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ် ကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစား သေးသွယ်တဲ့ခါးလေးပိုင်ဆိုင်တယ်လို့ ထင်ရဖို့အတွက် ဘယ်လိုအဝတ်အစားမျိုးကို ရွေးချယ်သင့်ပြီး ဖန်တီးလို့ရသလဲဆိုတာကို အလင်းပြပေးချင်ပါတယ်။
Waist သေးသွယ်တဲ့ အသွင်ရဖို့အတွက် အရောင်ရွေးချယ်တဲ့အခါမှာ အရောင်ရင့်ရင့်နဲ့ အရောင်မှိန်တဲ့ အဝတ်အစားတွေက အကောင်းဆုံးပါ။ လွင်တဲ့အရောင်တွေနဲ့ ဖျော့တဲ့အရောင်တွေက သင့်ရဲ့ခါးကို နဂို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်လို့ ဖက်ရှင်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒေါင်လိုက်စင်းပါတဲ့ အဝတ်အစားမျိူးဝတ်ဆင်ခြင်းက သင့်ရဲ့ခါးကိုသေးတယ်လို့ ထင်ရစေပါတယ်။ ကန့်လန့်စင်းတွေအဆင်တွေနဲ့ အစက်အပြောက်သေးသေး အဆင်မျိုးတွေကိုတော့ လုံးဝရှောင်ပါ။
Oversized ဆွယ်တာ၊ တီရှပ်တွေကို အောက်ပိုင်းကိုတော့ High-Waist လို့ ခေါ်တဲ့ ခါးမြင့်ဘောင်းဘီ (ဒါမှမဟုတ်) စကဒ် တွေက သင့်ကို ခါးသေးတဲ့အသွင်ရရှိစေမှာဖြစ်ပါတယ်။ V-Cut တွေနဲ့ Wrap Dress တွေကတော့ ခါးသွယ်တဲ့အသွင်ဖြစ်စေနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ပိန်တယ်လို့အထင်ခံချင်သူတွေက အမည်းကို ရွေးချယ်သလို အနက်ရောင်အဝတ်အစားဝတ်ဆင်ခြင်းက ခါးသေးတဲ့အသွင်ဖြစ်စေပြီး အဖြူရောင်ဗြောင်တွေကတော့ လက်ရှိ ခါးအရွယ်အစားထက်တောင် ပိုကြီးတယ်လို့ထင်ရစေပါတယ်။ အဖြူကြိုက်တဲ့သူဆိုရင်တော့ အဖြူခံမှာ အနက်ရောင်ပါတဲ့အဆင်မျိုးကိုရွေးချယ်ပါ။
ဒီဖက်ရှင် နည်းလမ်းလေးတွေကတော့ ခဏတာခါးသေးတဲ့အသွင်ကိုရစေမယ့် Fashion Trick လေးတွေပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျစ်လစ်ပြီး သေးသွယ်တဲ့ခါးလှလှလေးကို ထာဝရပိုင်ဆိုင်ချင်ရင်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး သင့်တင့်တဲ့ အစားအသောက်တွေနဲ့ ထိန်းဖို့လိုအပ်ပါတယ်။