သင့်ဆီမှာ လမ်းခွဲခဲ့ပေမယ့် သူငယ်ချင်းလိုဆက်နေဖြစ်တဲ့ လူတစ်ယောက်ရှိလား။ ဒါဆိုရင်တော့ဒါဟာ သင့်အတွက်ရော သူ့အတွက်ရောမကောင်းပါဘူး။ သင့်ရဲ့ အသစ်ထပ်ရလာမယ့် ရည်းစားအတွက်လည်း ဒါဟာ မကောင်းပါဘူး။ ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်နေခြင်းဟာ ဘယ်လောက်ထိဆိုးရွားလဲ အကြောင်းပြချက်တွေရှိပါတယ်။ ဒါတွေကတော့-

၁။ သင့်ရဲ့ခံစားချက်က မတည်ငြိမ်သေးပါဘူး


ပညာရှင်တွေက လူတွေဟာ သူတို့ရည်းစားဟောင်းနဲ့ သူငယ်ချင်းသဘောဆက်နေခြင််းဟာ သံယောဇဉ်မပြတ်သေးဘူးလို့ ဆိုထားပါတယ်။ သူတို့ဘဝမှာ အရင်က နေရာအများကြီးယူခဲ့တဲ့ လူတစ်ယောက်နဲ့ လမ်းခွဲရမှာမို့ ဒါကို လက်မခံနိုင်ကြတာပါ။ သင်က သူနဲ့ ဆက်တွေ့နေသရွေ့ သင့်ခံစားချက်တွေက အရင်လို ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါက ရည်းစားအသစ်ရထားသူအဖို့ ဘယ်လိုမှအဆင်မပြေတဲ့ အခြေအနေပါ။

၂။ သင်နောက်တစ်ယောက်ပြောင်းကြိုက်ဖို့ ခက်ခဲနေလိမ့်မယ်


ရည်းစားဟောင်းက သင့်အနားမှာဆက်ရှိနေသေးရင် သင့်မှာစဉ်းစားချိန်ရမှာမဟုတ်ပါဘူး။ သင့်အတွက် ပြန်သုံးသပ်မယ့်အချိန်ရမှာမဟုတ်ပါဘူး။ ဒီတော့ သူနဲ့ ဆက်တွေ့နေမယ့်အစား ကိုယ့်ကိုကိုယ် သီးသန့်နေဖို့ အချိန်ပေးပါ။

၃။ သင့်ရည်းစားဟောင်းကလည်း သင့်အပေါ် စိတ်ရှိနေဦးမှာပါ


သူငယ်ချင်းအနေနဲ့ ဆက်နေတယ်ဆိုကတည်းက ခင်တာလည်းဖြစ်နိုင်သလို သူ့ဘက်က ပြန်ဆက်ချင်တာလည်းဖြစ်နိုင်ပါတယ်။ ကြာလာရင် သင့်အတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်တတ်ပါတယ်။

၄။ သူငယ်ချင်းအနေနဲ့ နေတာက နာကျင်စရာဖြစ်တတ်ပါတယ်


သင်သာ သူနဲ့ သူငယ်ချင်းသဘောဆက်နေရင် သင့်ရည်းစားဟောင်းက သင့်ရှေ့မှာ အသစ်တစ်ယောက်နဲ့ ပျော်နေတာကို သင်မြင်ရမှာပါ။ သင့်စိတ်ထဲ မခံချိမခံသာ ဖြစ်နေပါလိမ့်မယ်။ ကိုယ်နဲ့ကြိုက်ခဲ့တဲ့သူက တခြားလူနဲ့ဒါမျိုးဖြစ်နေတာကို သင်မြင်ပြီး နာကျင်ရပါလိမ့်မယ်။

၅။ နောက်တစ်ယောက်ထားဖို့ ခက်နေပါလိမ့်မယ်


လမ်းခွဲပြီးနောက် သင်တစ်ယောက်တည်းနေသင့်ပါတယ်။ ခြောက်လလောက်ထိ တစ်ယောက်တည်းနေကြည့်ပါ။ ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပါ။ သင့်ရည်းစားအသစ်ရတဲ့အချိန် ရည်းစားဟောင်းနဲ့ သူငယ်ချင်းဆက်ဖြစ်နေရင် အသစ်က သံသယဝင်နေပါလိမ့်မယ်။

ရည်းစားဟောင်းနဲ့ သူငယ်ချင်းအနေနဲ့ ဆက်နေတာဟာ ကောင်းတာမရှိသလောက်ပါပဲ။ ဘာရနေလို့ သင်က ဆက်ပြီး သူနဲ့ သူငယ်ချင်းလို နေ နေတာလဲ??

Source: Brightside.me

By MyStyle Myanmar