ကိုယ့်ရဲ့ Social Media Platforms တွေမှာဓာတ်ပုံလှလှလေးတွေ တင်ရုံနဲ့မပြီးဘူးနော်။ ကိုယ့်ရဲ့ဓာတ်ပုံကို ပြီးပြည့်စုံဖို့ဆိုရင်လည်း Caption အလန်းလေးတွေရေးတတ်ဖို့လည်း လိုအပ်တယ်နော်။ Caption အမိုက်စားတွေ ရေးရတာကလည်း ခေါင်းစားသလို ပုံနဲ့လိုက်အောင်ရေးရတာကလည်း ဦးနှောက်ခြောက်စရာ တစ်ခုပါနော်။ ကဲ့ဒီလို ဦးနှောက်မစားရအောင် Caption အလန်းလေးတွေ ဘယ်လိုရေးမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မေးခွန်းလေးတွေမေးပါ

ကိုယ့်ကရုပ်ရှင်ရုံမှာရုပ်ရှင်သွားကြည့်တာမျိုး ဒါမှမဟုတ် ကိုယ်ကတစ်နေရာရောက်လို့ အမှတ်တရအနေနဲ့ ရိုက်ပြီးတင်တာမျိုးမှာဆို ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းမေးတဲ့ ပုံစံမျိုးလေးရေးတင်ပေးလို့ရပါတယ်။ ကိုယ်က မေးခွန်းလေးတွေမေးလိုက်တဲ့အတွက် ပုံလေးအောက်မှာ Comment တွေလည်း များသွားတာပေါ့။

Emoji သုံးပါ

ဒီနည်းလမ်းလေးက ကိုယ်က Selfie ပုံလေးတွေရိုက်ပြီး တင်တာမျိုးဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Group Selfie ရိုက်တဲ့အခါမျိုးတွေမှာ ပုံနဲ့ လိုက်ဖက်တဲ့ Emoji လေးတွေကိုအတူတူတွဲတင်လိုက်ပါ။ ဦးနှောက်လည်း သုံးစရာမလိုတော့သလို ကိုယ့်ရဲ့ဓာတ်ပုံလေးကလည်း ပိုချစ်စရာကောင်းနေမှာပါနော်။

အထာကျတဲ့ စာလေးတွေရေးပါ

အထာကျတဲ့ စာဆိုတာက ဟာသဖြစ်ပြီး ကိုယ့်ပုံကြည့်လိုက်တာနဲ့ ကိုယ်ကပျော်ပျော်နေတတ်တဲ့ ပုံစံမျိုးလေးဖြစ်အောင်ရေးပါနော်။ တစ်ယောက်တည်း ကော်ဖီသောက်နေတဲ့ ပုံလေးတင်မယ်ဆိုရင် ” ကော်ဖီလိုပဲ ကိုယ့်အချစ်ကလည်း ခါးတယ်” အဲ့လိုမျိုးအထာကျပြီး Unique ဖြစ်တဲ့စာလုံးလေးတွေရေးစေချင်ပါတယ်။