အသားအရေက ပွတ်တိုက်တာ များလာလေ ညိုဖို့၊ ကြမ်းလာဖို့ အခွင့်အရေးများလေပါပဲ။ တစ်ကိုယ်လုံးမှာ ပွတ်တိုက်တာများပြီး ညိုဖို့ ပိုလွယ်တဲ့ နေရာတွေကတော့ ဒူးနဲ့ တံတောင်တို့ ဖြစ်ပါတယ်။ ဒူးက မြန်မာ မိန်းကလေး အများစု ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်၊ အခြေအနေ အမျိုးမျိုးကြောင့် ညိုလာတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အချိန်မှ ဒူးဖြူဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။

တံတောင်ဆစ်ကတော့ ညိုတဲ့ အကြောင်းအရင်းတစ်ခုက တံတောင်ထောက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ကြောင့်ပါ။ ဒီတစ်ခေါက်မှာတော့ ညိုသွားတဲ့ တံတောင်ဆစ်လေး ပြန်ဖြူလာစေမယ့် နည်းလမ်းတစ်ခုကို ဖော်ပြပါရစေ။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေက ရိုးရှင်းတာကြောင့် ပျိုမေတိုင်းလိုလို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ပထမဆုံး လိုအပ်တဲ့ ပစ္စည်းတစ်ခုကတော့- သံပယိုသီးပါ။ သံပယိုသီးတစ်ခြမ်းရအောင် ခြမ်းပေးရပါမယ်။ သံပယိုသီးက အသားအရေ ညိုမည်းတာကို လျော့ပါးစေပြီး အသားအရေ တောက်ပစေနိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ဒီခြမ်းထားတဲ့ သံပယိုခြမ်းပေါ် နနွင်းမှုန့် တစ်ဇွန်းခန့် ဖြူးပေးရပါမယ်။ နနွင်းမှုန့်က အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ ချောမွေ့စေနိုင်ပါတယ်။

Photo Source: ShineSheets

ဒီ သံပယိုခြမ်းနဲ့ နနွင်းမှုန့်ပေါ် ပျားရည်တစ်ဇွန်း လောင်းပေးရပါမယ်။ ပျားရည်က သင့်တံတောင်အသားအရေကို စိုပြေစေပါလိမ့်မယ်။ ပျားရည်က ရေဓာတ်ဖြည့်ပေးတဲ့ အာနိသင်ရှိတာကြောင့် သံပယိုသီးကြောင့် အသားအရေ ခြောက်တာမျိုး မဖြစ်စေတော့ပါဘူး။

Photo Source: Byrdie

ဒီ သံပယိုသီး အခြမ်းကို သင့်တံတောင်ပေါ် ပွတ်ပေးရပါမယ်။ ၅ မိနစ်ခန့် ပွတ်ပြီးနောက် ၁၀ မိနစ် ဒီအတိုင်း ထားပေးရပါမယ်။ ပြီးနောက် ရေဆေးချရပါမယ်။ ရေဆေးချပြီးနောက် တံတောင်အသားအရေ မခြောက်သွေ့စေဖို့ အစိုဓာတ်ထိန်းခရင် လိမ်းပေးနိုင်ပါတယ်။

By MyStyle Myanmar