အပြုံးတွေဟာ လူတွေကို နှစ်လိုဖွယ် ဖြစ်စေတဲ့ အရာပါ။ ဒါပေမယ့်လည်း အဖြူစင် အတောက်ပဆုံး အပြုံးတွေ ပြုံးဖို့ဆိုရင် သွားတွေကို ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။

(၁) မှန်ကန်တဲ့ သွားတိုက်တံ ၊ သွားတိုက်ဆေး သုံးပေးပါ

Photo: Shutterstock

ခံတွင်းနဲ့ သွား ကျန်းမာရေးအတွက် အရေးကြီးတာက မှန်ကန်တဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးတွေ သုံးပေးဖို့ လိုပါတယ်။ အရည်အသွေးမြင့် သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေ ဝယ်သုံးရာမျာ မနှမြောဖို့ အကြံပေးချင်ပါတယ်။

(၂) သွားဖြူစေမယ့် ပစ္စည်းတွေ သုံးပါ

Photo: Shutterstock

အိမ်သုံး သွားဖြူဆေးတွေ သုံးတာကလည်း သွားရဲ့ ဖြူစင်သန့်ရှင်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။ Teeth Whitening – Kits တွေဟာ သွားအရောင်ကို တောက်ပ ဖြူဖွေးဖို့ အိမ်တွင်းလက်စွဲလည်း ဖြစ်ပါတယ်။

မုန့်ဖုတ် ဆိုဒါနဲ့ သွားတိုက်တာဟာလည်း ခံတွင်းထဲမှာ ဘက်တီးရီးယားပေါက်ပွားမှုကို တားမြစ်ရာရောက်ပြီး သွားတွေ ဖြူဖွေးလာစေနိုင်ပါတယ်။ မု့န်ဖုန်တ်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနှစ်ဇွန်းနဲ့ ရောစပ်ပြီး သွားတိုက်ရမှာပါ။

(၃) Air Whitening သုံးပါ

Photo: Shutterstock

Air Polishing လုပ်တာဟာ သွားပေါ်က အစွန်းအထင်းတွေ ဖယ်ရှားပေးရာမှာ ထိရောက်မြန်ဆန်ပါတယ်။ တစ်ခုရှိတာက ခဏခဏတော့ Air Whitening မလုပ်သင့်ဘဲ ၆ လမှ တစ်ခါ လုပ်သင့်ပါတယ်။

(၄) ဒီအသီးတွေ စားပေးပါ

Photo: Shutterstock

စတော်ဘယ်ရီနဲ့ နာနတ်သီးတွေဟာ သွားကို ဖြူဖွေးဖို့ အကူအညီပေးတဲ့ သစ်သီးနှစ်မျိုးပါ။ နာနတ်သီးမှာ ပါတဲ့ Bromelain အင်ဇိုင်းဟာ သွားတွေပေါ်က အညစ်အကြေး အစွန်းအထင်းကို ဖယ်ရှားနိုင်တယ်လို့ ဆိုပါတယ်။

ကော်ဖီ ၊ ဝိုင်နီ နဲ့ ဘယ်ရီသီးနက်တွေကိုတော့ သွားတွေ ဖွေးဖို့ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေ ဖြစ်ပါတယ်။ တကယ်လို့ မရှောင်နိုင်ရင်တောင် လျှော့သင့်ပါတယ်။ သွားဖြူဖို့ဆိုရင် သကြားစားသုံးမှု လျှော့ပါ။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေ ပိုစားပေးဖို့လည်း တိုက်တွန်းချင်ပါတယ်။