ဘယ်လောက်ပဲ ကိုယ့်စတိုင်နဲ့ ကိုယ်နေနေ ခေတ်ရေစီးကြောင်း Trends တွေကို ရှောင်လွှဲလို့ မရပါဘူး။ ခေတ်နဲ့အညီ နေထိုင်ကြရင်းနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကိုလည်း အဆင့်မြှင့်သွားကြရတာပါ။ တကယ်တော့ Trendy ဖြစ်တယ်ဆိုတာလည်း အဆိုးချည်းလို့ ပြောလို့ မရပါဘူး။ ခေတ်ပေါ်ပင်တွေထဲမှာ နောက်နောင်အထိ ကိုယ့်ရဲ့ ဖက်ရှင်ကို ပိုပြီး စမတ်ကျစေမယ့် စတိုင်တွေ ပါဝင်တတ်လို့ ဖြစ်ပါတယ်။
ဥပမာ အမျိုးသား အတော်များများက အရင်က Boat Shoes တွေကို မိန်းမဆန်တယ်လို့ မြင်ပြီး မစီးခဲ့ကြပါဘူး။ ဒါပေမဲ့ အခုခေတ်မှာ Boat Shoes ဆိုတာ Smart Casual အနေနဲ့ရော ဖက်ရှင်ကျပြီး ပေါ့ပါးသွက်လက်မှုကို ကြိုက်သူတွေအတွက်ပါ ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ Trend ထဲက ကောင်းတဲ့အပိုင်းလေးတွေ ရွေးပြီး စမတ်ကျအောင် ဝတ်ဆင်ပေးဖို့အတွက် သိသင့်တဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) များများမယူမိစေနဲ့
Photo: cheatsheet
အရေးကြီးတဲ့အချက်က တစ်ကြိမ်မှာ Trendy ဖက်ရှင်တစ်မျိုးပဲ ဆင်ပါ။ တစ်ကိုယ်လုံးမှာ Trend ဖြစ်တာတွေက လွှမ်းမိုးနေရင် မျက်စိကို အနှောင့်အယှက်ပေးပါတယ်။ ကြည့်ရတာ အဆင်ပြေလာမှာ မဟုတ်တဲ့အပြင် စိတ်ရှုပ်စရာအနေနဲ့ပဲ မြင်နေရပါလိမ့်မယ်။
(၂) Classic Styles နဲ့ ရောဝတ်ပါ
Photo: STANDARDS DOC
အပေါ်မှာ ပြောခဲ့သလို ကိုယ့်မှာ ဆင်ထားတဲ့ ဖက်ရှင်မှာ Trend ချည်း မဖြစ်သင့်ပါဘူး။ Trend ကိုမှ ကိုယ့်အကြိုက် Classic Styles ရိုးရိုးနဲ့ တွဲစပ်ဝတ်ဖို့ လိုပါတယ်။ ကာလာရွေးချယ်မှုကလည်း အရောင်အပ်စပ်မှု ရှိဖို့ စဉ်းစားသင့်ပါတယ်။ Classic စတိုင်နဲ့ Trend ဖက်ရှင် ရောစပ်မှုမှာ သိသာတဲ့ အမှားတွေကို ကာလာအတွဲမှန်မှုက ဖြေရှင်းပေးနိုင်ပါတယ်။
(၃) ဆန့်ကျင်ဘက် ဝတ်ကြည့်ပါ
Photo: Ape To Gentleman
Trend အတိုင်း ဝတ်နေတဲ့သူတွေအကြားမှာ လုံးဝ Anti-Trend ဝတ်ကြည့်တာကလည်း အများအကြားမှာ ထင်ရှားပေါ်လွင်စေတဲ့ အချက်ဖြစ်ပါတယ်။ တခြားသူတွေ Bracelet တွေ ဝတ်ပြီး လမ်းသလားနေချိန်မှာ ကိုယ့်အကြိုက်ဆုံး နာရီတစ်လုံးဝတ်တာမျိုးကို ပြောတာပါ။ တစ်ခါတလေမှာ ရိုးရှင်းတဲ့ ဆန့်ကျင်ဘက်အရာတွေက လူတစ်ယောက်ကိုပိုပြီး ပေါ်လွင်အမြင်ဆန်းစေပါတယ်။