ဟယ်လို။ အားလုံးပဲမင်္ဂလာပါနော်။ Suit ဖက်ရှင်ဆိုတာလူတိုင်းနဲ့လိုက်ဖက်ပြီး သက်သောင့်သက်သာရှိတဲ့ ဖက်ရှင်ဖြစ်ပါတယ်။

ပွဲလည်းတိုးတယ်။ ရုံးတက်တာ၊ အစည်းအဝေးတက်တဲ့အခါတွေမှလည်း ဝတ်လို့အဆင်ပြေတဲ့ဖက်ရှင်မျိုးပါ။

Suit ဖက်ရှင်ကိုမှ ရောင်စုံလေးတွေနဲ့ အရမ်း Formal ကျမနေဘဲ လူငယ်ဆန်ဆန်လေး မိမိုက်နေစေဖို့ မမ Park Min Young က အရမ်းကိုစမတ်ကျကျလေး ဝတ်ပြထားပါတယ်နော်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မမ Park Min Young က အခုထိ ပရိသတ်တွေရဲ့ ချစ်ကို သိမ်းပိုက်ထားသလို သူမရဲ့ ချစ်စရာကောင်းတဲ့အပြုံး စမတ်ကျတဲ့ ဖက်ရှင်တွေနဲ့လည်း ညှို့ယူဖမ်းစားထားသူပါ။

ဒါတင်မကသေးပါဘူးနော်။ အကလည်း သိပ်တော်ပြီး ပရိသတ်တွေပိုချစ်အောင် ကပြ၊ သီချင်းဆိုပြတတ်ပါသေးတယ်။

သူမရဲ့ ဖက်ရှင်တွေကိုလည်း မလွတ်တမ်း အားပေးနေကြတဲ့ ပရိသတ်တွေကတော့ လက်ရှိထုတ်လွှင့်နေတဲ့ Her Private Life ထဲက သူမဝတ်ဆင်တဲ့ဖက်ရှင်တွေကိုလည်း သဘောကျကြမယ်လို့ ယုံကြည်ပါတယ်နော်။

စမတ်ကျပြီး ညှို့အားပြင်းတဲ့ မမတွေအတွက် Suit ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo: www.pinterest.com

By: MyStyle Myanmar