စကပ်တို၊ ဘောင်းဘီတိုတွေက ပျိုမေတို့ကြား အမြဲရေပန်းစား နေမယ့် ဖက်ရှင်ဝတ်ဆင်ပုံတွေ ဖြစ်ပါတယ်။ ပေါင်တံပေါ်အောင် ဝတ်ရတာမို့ ထဘီဝတ်နေကျ ပျိုမေတို့အတွက် စစချင်းမှာ မဝတ်ရဲ ဖြစ်နေနိုင်ပါတယ်။ ဝတ်နေကျ မဟုတ်တဲ့ ပျိုမေတို့အတွက်တော့ ဝတ်တာ ရိုင်းသွားမလား၊ အများကြီး ပေါ်သွားမလား စသဖြင့် ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အတိုဝတ်ထားတယ်လို့ မထင်ရလောက်အောင် တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါး ပုံစံထွက်စေမယ့် အတိုဖက်ရှင်တွေကို ဖော်ပြလိုက်ပါတယ်။

အပေါ်အင်္ကျီ အရောင်ငြိမ်တာကို ဝတ်လိုက်တာကြောင့် Overall ကြည့်လိုက်တဲ့အခါ အမြင်မဆန်းတော့ဘဲ ပုံမှန် ပေါ့ပေါ့ပါးပါး ဖက်ရှင် ဖြစ်သွားစေပါတယ်။

သင့်အင်္ကျီကို စကပ်ထဲ Tuck ထည့်ဝတ်တာက စမတ်ကျတဲ့ အသွင်ရစေပါတယ်။ ဒါ့အပြင် စကပ်ကို ပုံထဲကလို စကပ်ပုံစံက အမြင်မရိုင်းသွားစေပါဘူး။

အပေါ်အင်္ကျီ ပွပွ လက်ရှည်တွေကို စကပ်၊ ဘောင်းဘီတိုနဲ့ တွဲဝတ်ပေးသင့်ပါတယ်။ ဒီပုံစံက သင့်ကို မိန်းကလေးသိပ်မဆန်စေဘဲ ပေါ့ပါးတဲ့ လူငယ်ဆန်ဆန် စတိုင် ပိုင်ဆိုင်စေပါတယ်။

ဂါဝန်အတိုကိုမှ အပြင်ထပ် အနွေးထည်နဲ့ တွဲဝတ်ပေးသင့်ပါတယ်။ ဒီပုံစံက သင့်ကို ပိုချစ်စရာကောင်းစေပြီး ရိုးရှင်းတဲ့ Look ကို ပေးစွမ်းနိုင်ပါတယ်။

အပြင်ထပ်နဲ့ စကပ်နဲ့ တစ်ထပ်တည်း တူတဲ့ ဖက်ရှင်ဝတ်ဆင်ပုံကလည်း သင့်ကို ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar