မင်္ဂလာပါ… ပျိုမဒီတို့ရေ…..ဂျင်းဘောင်းဘီနဲ့ပတ်သက်ရင် မိန်းကလေးတိုင်းမှာ ခါးမြင့်တဲ့ပုံစံ ခါးနိမ့်တဲ့ပုံစံ Crazy Colour စသဖြင့် အကြိုက်တစ်မျိုးဆီရှိကြပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ Pastel coloured Jeans တွေကလည်း တဖန်ပြန်ပြီး ခေတ်စားလာပြန်ပါပြီနော်။

ဒါကြောင့် Pastel coloured Jeans ကိုလည်း ဝတ်ချင်တယ်။ ဘယ်လိုဝတ်ရမလဲဆိုတာ စဥ်းစားရခက်နေတာဆိုရင်တော့ ဒီစာလေးကို ဖက်ကြည့်လိုက်ပါ။ ရောင်စုံဂျင်းဘောင်းဘီတွေကို ကြိုက်တဲ့ ပျိုမေတို့အတွက် ၂၀၂၃ Summer မှာ ဖက်ရှင်ကျကျလှနေနိုင်ဖို့ ဖော်ပြလိုက်ပါတယ်နော်။

ပမထဦးဆုံး အရာင်ရွေးရခက်နေရင် အသားအရောင်နှင့် အသင့်တော်ဆုံးအရောင်ကို ရွေးချယ်ပါ။ ဒါက နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာရှိမှုကို ခံစားရစေလို့ပါ။

Crop t-shirts၊ Layering နဲ့ Color-Blocking တွေက Pastel Trend နဲ့ အရမ်းလိုက်ဖက်ပြီး ရာသီအတွက် Hot တဲ့ Trends တွေပါပဲ။

ဝတ်ထားတဲ့ Pastel အရောင်ကို ဆွဲဆောင်မှုရှိနေစေဖို့အတွက်မိ တ်ကပ်နည်းနည်းနဲ့ Colour Accessories များကို အသုံးပြုဖို့တော့ သေချာပါစေ။

ပန်းရောင်အကြောင်းပြောရင် ဒီအရောင်နဲ့ လုပ်လို့ရတာ အများကြီးရှိတယ်။ အပေါ်က Printed ၊ Cardigan ၊ Denim trouser ဒါမှမဟုတ်Soft Blouse ကို ပန်းရောင်လှလှလေးနဲ့ တွဲဝတ်လိုက်ပါ။

အစိမ်းရောင် တီရှပ်တစ်ထည်နဲ့ ပန်းရောင် ဂျင်းဘောင်းဘီက ဘယ်တော့မှမရိုးတဲ့ Pastel ဖက်ရှင်ပါပဲ။