ဒေါက်ဖိနပ်စီးပြီဆိုရင် ခြေထောက်နာတာ၊ ခြေထောက်ပေါက်တာတွေ အမြဲဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် ဒေါက်ဖိနပ်စီးတဲ့အခါမှာ ခြေထောက်မနာစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ဆိုဒ်မှန်အောင်ဝယ်ပါ

ဒေါက်ဖိနပ်ဝယ်မယ်ဆိုရင် ကိုယ့်ဆိုဒ်မှန်အောင် ကွက်တိဝယ်ပါ။ သေချာတိုင်းပြီး ဝတ်ကြည့်ပြီး လမ်းလျှောက်ကြည့်ပါ။ ကိုယ်အဆင်ပြေတယ်ဆိုမှဝယ်ပါ။ ဒေါက်ဖိနပ်က နည်းနည်းကြီးနေတာဆိုရင် စီးရတာအဆင်မပြေပါဘူး။ သေးပြီး အရမ်းကျပ်နေရင်လည်း ခြေထောက်တွေပေါက်ပြီး ခြေထောက်ပိုနာပါမယ်။

ဒေါက်ကိုခုံထူတာစီးပါ

ဒေါက်အချွန်တွေစီးတာက ခြေထောက်ပိုနာပါတယ်။ သက်တောင့်သက်သာမဖြစ်စေပါဘူး။ ဒါကြောင့် ဒေါက်မြင့်စီးမယ်ဆိုလည်း ဒေါက်အရွယ်ထူတာ၊ ခုံထူတာမျိုးကို ရွေးစီးပါ။

အရမ်းဒေါက်မြင့်တာကိုမစီးပါနဲ့

ဘယ်လောက်ပဲဒေါက်မြင့်စီးနေကျဖြစ်ဖြစ် အရမ်းမြင့်တဲ့ဒေါက်ကိုစီးရင် ခြေထောက်နာပါတယ်။ ခဏလောက်လမ်းလျှောက်တာနဲ့ကို နာပါတယ်။ ဒါကြောင့် ဒေါက်ကို အရမ်းမြင့်တာတွေ မစီးပါနဲ့။

ဖိနပ်အပိတ်စီးရင်ခြေအိတ်ဝတ်ပါ

ဒေါက်ဖိနပ်ကိုမှ အပိတ်တွေစီးမယ်ဆိုရင် ခြေအိတ်ဝတ်ဖို့ မမေ့ပါနဲ့။ ဒီတိုင်းစီးတာထက် ခြေအိတ်ဝတ်ပြီးစီးတာက နာကျင်မှုပိုသက်သာစေပါတယ်။

ခြေထောက်အပြားကြီးရင်ထိပ်ပိတ်ဖိနပ်တွေမစီးပါနဲ့

ခြေထောက်အပြားကြီးတဲ့သူတွေက ထိပ်ပိတ်ဖိနပ်တွေ မစီးတာပိုကောင်းပါတယ်။ ခြေပြားကြီးတော့ ခြေချောင်းလေးတွေ အရမ်းနာပါလိမ့်မယ်။ ရေကြည်ဖုပေါက်တာတွေလည်း ဖြစ်တတ်ပါတယ်။

ဒေါက်ဖိနပ်စီးတဲ့အခါခဏနားပါ

ဒေါက်ဖိနပ်စီးတဲ့အခါမှာ ငါစီးနိုင်တယ်၊ သွားနိုင်တယ်ဆိုပြီး ဆက်တိုက်လျှောက်သွားတာမျိုး မလုပ်ပါနဲ့။ ဖိနပ်ချွတ်ပြီး ခဏနားပါ။ မဟုတ်ရင်တော့ ခြေထောက်တွေတအားနာပြီး ခြေသလုံးကြွက်သားတွေတင်းတာမျိုး ဖြစ်လာတတ်ပါတယ်။

Photo source: www.freepik.com