မျက်နှာရှည်ရှည် အပြုံးချိုချိုနဲ့ သဘာဝဆန်တဲ့အလှမျိုးပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်မင်းသမီး Julia Barretto ကိုတော့ ဖိလစ်ပိုင်ဇာတ်လမ်းတွဲတွေ ကြည့်ဖူးသူတိုင်း မျက်မှန်းတန်းမိကြမှာပါနော်။ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ရိုက်ကူးခဲ့ဖူးသူဖြစ်သလို ဖိလစ်ပိုင်အပြင် နိုင်ငံတကာပရိသတ်တွေရဲ့ အားပေးမှုကိုပါရထားတဲ့ အောင်မြင်ဆဲမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ သူမဟာ လူငယ်အနုပညာရှင်တစ်ဦးပီပီ သူမရဲ့ သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ လူငယ်ဆန်ဆန် Outfit လေးတွေ၊ Hairstyle လေးတွေ ထားလေ့ရှိတဲ့သူဆိုရင်လည်း မမှားပါဘူး။

ဆံပင်စတိုင်အတွက် Hair Accessories လေးတွေ မကြာခဏဝတ်ပြီး ဓာတ်ပုံရိုက်တတ်သူမို့ သူမဝတ်တဲ့ ဆံပင် Accessories လေးတွေက Hairstyle ပြောင်းကြည့်ချင်တဲ့ ကောင်မလေးတွေနမူနာယူဖို့ ကွက်တိပါပဲ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ လူငယ်ကောင်မလေးတွေ လိုက်လုပ်နိုင်မယ့် မင်းသမီး Julia Barretto ဝတ်လေ့ရှိတဲ့ Hair Accessories ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အခုခေတ်လူကြိုက်များတဲ့ ကြိုးချည်လေးနဲ့ပေါ့ပေါ့ပါးပါးဝတ်နိုင်မယ့် ချစ်စရာ Crochet Bandana လေး

တစ်ကြိုးတည်းစည်းထားရုံနဲ့ လှတဲ့ ဖဲသား Scrunchie

ဘယ်တော့မှမရိုးတဲ့ ဘီးကုပ်လေး

ခေါင်းစည်းကြိုးအရာပေါ်လို့မစည်းချင်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ Claw Clip လေးတွေ

နေပူဒဏ်ကိုပါ အပြည့်အဝကာကွယ်ပေးမယ့် Bucket Hat

အရောင်စုံတဲ့ ပန်းပုံစံ ကလစ်လေး

Source: preview.ph