အားလုံးပဲမင်္ဂလာပါနော်။ အရပ်မြင့်မြင့်ပိန်ပိန်ပါးပါးလေးတွေခေတ်စားနေပေမယ့် ကိုယ့်က သူများတွေလိုအရပ်မမြင့်လို့ ဘယ်လိုဖက်ရှင်မျိုးဝတ်ရမလဲဆိုတာ သိပ်ပြီးခေါင်းစားနေစရာမလိုတော့ပါဘူး။

တကယ်တော့ ကိုယ့်လိုပုံစံ ကိုယ့်လို ခန္ဓာကိုယ်နဲ့ ကိုယ့်လိုပြဿနာမျိုးလူတိုင်းမှာရှိတတ်ပါတယ်။

ကိုယ်နှစ်သက်သဘောကျတဲ့ Idol တွေလိုပဲ သူတို့ရဲ့ ဖက်ရှင်တွေကို မှီငြမ်းပြီးဝတ်ဆင်လို့ရပါတယ်နော်။

ဒီတခါ အရပ်သိပ်မရှည်ဘဲ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေအတွက် ချစ်စရာကောင်းတဲ့ ကိုရီးယားသရုပ်ဆောင် Park Bo Young ရဲ့ ချစ်စရာဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Park BO Young ကလည်း အရပ်အမြင့် ၅ပေ ၂ လက်မလောက်သာရှိပေမယ့် သူမဝတ်လိုက်တဲ့ဖက်ရှင်တွေက အမြဲတမ်း အရပ်မြင့်သလို ခံစားရစေပါတယ်။

ဘယ်လိုဖက်ရှင်မျိုးကို ဘယ်လိုဝတ်ဆင်လဲဆိုတာ အတူတူကြည့်လိုက်ရအောင်။

Photo: www.pinterest.com

By: Mystyle Myanmar