စကပ်ရှည်တွေက အခြေအနေမျိုးစုံ၊ အချိန်အခါ မျိုးစုံနဲ့ လိုက်ဖက်တာကိုတော့ ဝတ်ဆင်ဖူးတဲ့ ပျိုမေတိုင်း သိပြီး ဖြစ်မှာပါ။ စကပ်ရှည်တွေထဲမှာမှ ပျိုမေတိုင်းနဲ့ လိုက်ဖက်တဲ့ စကပ်ရှည်ကတော့ Floral Pattern Skirt ရှည်အကားလေးတွေပါ။ သင်က အိမ်ပြင် ခဏထွက်မယ်ဆိုရင်လည်း သင့်မိဘတွေ အမြင်မကွက်အောင် Floral စကပ်ရှည်လေး ဝတ်ပြီး ထွက်နိုင်ပါတယ်။ ဒါ့အပြင် ကောင်လေးနဲ့ ဒိတ်တဲ့အချိန်လည်း Floral စကပ်ရှည်လေးက မိန်းကလေးဆန်ဆန် လှစေမယ့်အပြင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ ဓာတ်ပုံရိုက်တဲ့အချိန်လည်း ဒီစကပ်လေးနဲ့ စတိုင်ကျကျ လှနေဦးမှာပါ။

ဒီတော့ Floral စကပ်က မဖြစ်မနေ ပိုင်ဆိုင်သင့်တဲ့ ဖက်ရှင် Item တွေထဲ ပါဝင်နေပါပြီ။ သင့်အနေနဲ့ Floral Skirt ကို ဘယ်လို စတိုင်ကျကျ ဝတ်နိုင်မလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

ပန်းအနီရောင်ပါတဲ့ စကပ်ရှည်က အပေါ်ထပ် အင်္ကျီအနက်နဲ့ လိုက်ဖက်ပါတယ်။ ဒီဖက်ရှင်က ဆွဲဆောင်မှုရှိတဲ့ Vibe မျိုးကို ရမှာပါနော်။

သင်က လူငယ်ဆန်တဲ့ ဖက်ရှင်ကို ပိုင်ဆိုင်ချင်ရင်တော့ Floral Skirt အပေါ်က အင်္ကျီလက်ရှည် အဖြူ Crop ကို ဝတ်သင့်ပါတယ်။

အပေါ်အောက် အရောင်ဆင်တူလေးနဲ့ ဖက်ရှင်ကျနေဖို့ အနီရောင် စကပ်နဲ့အတူ အပေါ် အင်္ကျီအနီကို တွဲသင့်ပါတယ်။

မိန်းကလေးဆန်ဆန် Girly Look ကို လိုချင်ရင်တော့ ပန်းရောင်က မရှိမဖြစ် ပါပဲ။ ပန်းရောင်ဖောက် Floral Skirt နဲ့အတူ ပန်းရောင် Shirt က ကွက်တိပါပဲ။

ခရမ်းရောင်ကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့ ခရမ်းရောင် Shirt အပြင် ခရမ်းရောင်ဖောက် Floral Skirt ကိုပါ ပိုင်ဆိုင်ထားသင့်ပါတယ်။

အနုရောင်ဘက် သွားတာကို ကြိုက်ပြီး ရိုးရှင်းတာကို သင်က လိုချင်ရင် ပန်းရောင်အဖျော့ Floral Skirt နဲ့အတူ အင်္ကျီအဖြူကို တွဲဝတ်သင့်ပါတယ်။

သင်က မတူတဲ့ အရောင်နှစ်ရောင်ကို တွဲစပ်ဝတ်မယ်ဆိုရင်တော့ သင့်စကပ်ပေါ်က ပန်းပွင့်အရောင်နဲ့ သင့်အိတ်အရောင်ကို တူတာလေး ရွေးဝတ်နိုင်ပါတယ်။

ပန်းရောင်ဆွယ်တာနဲ့အတူ Floral Skirt ကလည်း ပေါ့ပေါ့ပါးပါး ဖက်ရှင် Look ကို ပိုင်ဆိုင်စေမှာပါ။

ချစ်ဖို့ကောင်းတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ပန်းရောင် Floral Skirt နဲ့အတူ ပန်းရောင် အင်္ကျီလက်ပြတ်၊ အနွေးထည်လေးကို တွဲဝတ်ကြည့်နိုင်ပါတယ်။

ကော်လံပါတဲ့ အင်္ကျီတွေကလည်း Floral Skirt အရှည်နဲ့ လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar