မိန်းကလေးအချို့က တီရှပ်မှာ ပုံပါရင် သိပ်မကြိုက်ချင်ကြပါဘူး။ ကလေးဆန်တယ်လို့ ထင်တတ်ကြပါတယ်။ များသောအားဖြင့် ရှပ်အပွ ဗြောင်တွေကို ပိုသဘောကျကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကာတွန်းပုံပါတဲ့ ပုံရိုက်ရှပ်အပွတွေကို ဘယ်လို ချစ်စရာကောင်းအောင် ဝတ်နိုင်မလဲ ဖော်ပြပါရစေ။ ဖက်ရှင်ဝတ်ဆင်ပုံတွေကို သိထားရင် သင့်အိမ်မှာ မဝတ်ဖြစ်တဲ့ ကာတွန်းပုံနဲ့ ရှပ်အင်္ကျီက အသုံးဝင်လာမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အောက်ဘက် အစင်းကြောင်းအကွက်ပါတဲ့ ဘောင်းဘီအပွနဲ့ ပုံရိုက် တီရှပ်အတိုက အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

အပြင်ထပ်အင်္ကျီနဲ့

အပြင်ထပ်အင်္ကျီကိုမှ အင်္ကျီလက်ကို ခါးမှာ ချည်လိုက်တဲ့အခါ သင့်ကို လူငယ်ဆန်ဆန် ချစ်စရာကောင်းစေပါတယ်။

ဘောင်းဘီအတိုနဲ့

အပြင်ထပ် အနွေးထည်နဲ့လို့ မထင်ရစေဘဲ တမူထူးခြားသွားတဲ့ ဖက်ရှင်

အပြင်ထပ်အင်္ကျီအရောင်နဲ့ ဘောင်းဘီအရောင်တူနေတာကလည်း စတိုင်ကျမှု တစ်ခုပါပဲ။

ကာတွန်းရှပ်ထဲက ပါတဲ့ ကာတွန်းအရောင်နဲ့ တူတဲ့ ဘောင်းဘီအရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။

ကာတွန်းတီရှပ်အပွကို ဂါဝန်ပုံစံဝတ်တာကလည်း ချစ်စရာကောင်းမှု တစ်ခုပါပဲ။

စမတ်ကျကျနဲ့ ချစ်စရာကောင်းချင်တဲ့ Vibe နှစ်မျိုး ရချင်သူ ပျိုမေတို့အတွက် ခါးပတ်နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

Style Pant နဲ့လည်း ချစ်စရာကောင်းအောင် တွဲဖက်နိုင်ပါတယ်။

သင်အကြိုက်ဆုံး ပုံစံလေးက ဘယ်ပုံစံ ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar