Fashion ကဏ္ဍကို ခဏဘေးချိတ်ပြီး ပြောရမယ်ဆိုရင် အရင်က သတ်မှတ်ကြတဲ့ Cap ဦးထုပ်ဆိုတဲ့အရာဟာ ဦးခေါင်းကို ရာသီဥတုဒဏ်က ကာကွယ်ဖို့ ထုတ်ထားခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ကြည့်ကောင်းပြီး စမတ်ကျစေရန်အတွက် ဖြည့်စွက်ဝတ်ဆင်လာကြပါတယ်။
Rapper တွေ ခေတ်စားလိုက်တဲ့ အချိန်တုန်းကတော့ လူငယ်တော်တော်များများ အသဲအမဲ လိုက်ဝတ်ကြတာကို မှတ်မိကြဦးမှာပါ။
ခုတော့ အဲ့လောက်ရေပန်းမစားတော့ပေမယ့် Accessory အနေနဲ့တော့ မရှိမဖြစ်ပါသင့်ပါတယ်။ ဒီလို ဦးထုပ် (Baseball Cap) တွေ ဝတ်ဆင်တဲ့အခါမှာ ကလေးစတိုင်လိုမဟုတ်ဘဲ အထာကျစေဖို့ ဘယ်လိုတွေဝတ်ဆင်သင့်သလဲ ဆိုတာကို နည်းလမ်းပေးချင်ပါတယ်။
Caps ရဲ့လျှာထိပ်မှာရှိတဲ့ Stickerတွေကို ခွာပါ။ မခွာချင်ရင် ဗြောင်ကိုဝယ်ပါ။ Stickers နဲ့ကြည့်ကောင်းတာဆိုလို့ Rapper တွေလောက်ပဲရှိပါတယ်။
Cap တစ်ခုဝယ်တော့မယ်ဆို ကိုယ်နဲ့ကွက်တိကျ မကျသေချာစွာ စစ်ဆေးပါ။ လေတိုက်တာနဲ့ လွှင့်လွယ်ပြီး အရှက်ကွဲစေမယ့် အရာတွေကို ကြိုတင်ကာကွယ်ပါ။
ဒီတခုကတော့ ကျန်းမာရေးအရ မှတ်ထားသင့်တာပါ။ ကျန်းမာရေးမဂ္ဂဇင်းတစ်ခုရဲ့ ဖော်ပြချက်မှာ Cap ဆောင်းတာဟာ အရမ်းကျပ်ရင်လည်း Blood Pressure ကို ကျစေပါတယ်။ ဒီတော့ဝတ်တာလည်းဝတ်ပေါ့ ကိုယ့်ကိုကိုယ်လည်း ဒုက္ခမပေးမိအောင် ကြိုးစားပါ။
ရံဖန်ရံခါ နောက်ပြန်ဆောင်းလို့လည်းရပါတယ်။ ကလေးပုံစံနဲ့ တစောင်းတော့ မစောင်းမိပါစေနဲ့။ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတာကို Inspire လုပ်ပြီး သင့်ကို Classy ဖြစ်စေမယ့် ဗြောင် Cap တွေ ရွေးဆောင်းပါ။
နောက်ဆုံး နည်းလမ်းပေးတယ် ဆိုတာထက် သတိပေးချင်တာက Cap တွေ ဆောင်းလို့ စမတ်ကျတာထက် အဲ့လိုအမြဲဝတ်တဲ့ Side Effect က ထိပ်ပြောင်သွားစေနိုင်လို့ အမြဲမဆောင်းပါနဲ့။