ကြိုးတစ်ချောင်းတွေ ၊ ကျောပြောင်အင်္ကျီတွေ ၊ နောက်ကျောအလှအင်္ကျီတွေ ဝတ်တဲ့အခါမျိုးတွေ ၊ ဘရာကြိုးမပေါ်ချင်တဲ့အခါမျိုးတွေမှာ Silicone Bra က အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် Silicone Bra ကလည်း ဝတ်တိုင်းလည်း မကောင်းပါဘူး။

ဒါကြောင့် Silicone Bra ဝတ်မယ်ဆိုရင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့ ဒီအချက်တွေကို သတိထားဖို့ အကြံပြုချင်ပါတယ်။

အရည်အသွေးကောင်းတာရွေးပါ

အရည်အသွေးနိမ့်တဲ့ Silicone Bra တွေက ကြာလာရင် အရေပြားနီတာ ယားတာမျိုးဖြစ်စေတတ်တာမလို့ သင့်တင့်တဲ့ အရည်အသွေးကောင်းတဲ့ Silicone Bra ကိုရွေးပါ။

အကြာကြီးမဝတ်ပါနဲ့

Silicone Bra ကို အချိန်အကြာကြီးဝတ်တဲ့အခါ ကပ်ထားတဲ့ကော်ကြောင့် အပူလောင်ပြီး အဖုအပိန့်တွေဖြစ်လာနိုင်တာမလို့ အချိန်အကြာကြီးဝတ်တာမျိုး ရှောင်ပါ။

ဆိုဒ်သေချာရွေးပါ

Bra ဝတ်တဲ့အခါ ဆို်ဒ်မမှန်ရင် ဝတ်ရတာ သက်တောင့်သက်သာမရှိတဲ့အပြင် ရင်သားရဲ့ပုံစံကိုလည်း ပျက်စေနိုင်တာမလို့ Silicone Bra မှမဟုတ်ပါဘူး ဘယ် Bra ဘဲဝတ်ဝတ် ဆိုဒ်မှန်ဖို့အရေးကြီးပါတယ်။

Lotion မလိမ်းပါနဲ့

Lotion လိမ်းပြီးမှ Silicone Bra ဝတ်မိရင် Lotion ရဲ့ အစိုဓာတ်ကြောင့် ကော်ကမကပ်ဘဲ လွယ်လွယ်ကွာသွားနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်မှာ အကြောပြတ်ရာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

သန့်ရှင်းအောင်ထားပါ

Silicone Bra ကို ဝတ်ပြီးတိုင်း အပျော့စား ခေါင်းလျှော်ရည်/ဆပ်ပြာ ၊ ကြက်သီးနွေးရေနဲ့ ပြန်လျှော်ပေးပါ။ ဒါမှ ချွေးကြောင့် ဘက်တီးရီးယားနဲ့ မှိုတွေဖြစ်တာကနေ ကာကွယ်နိုင်မှာပါ။

မကောင်းတော့ရင်မသုံးပါနဲ့

Silicone ပေါက်ပြီး ယိုစိမ့်တာက ကျန်းမာရေးအတွက် အန္တရာယ်ကြီးတာမလို့ Silicone ပေါက်နေတဲ့ Bra ကို လုံးဝမသုံးပါနဲ့ ။