ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ရှပ် Dress ဝတ်စုံကို သဘောကျကြတဲ့သူတွေအတွက် မိမိရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်ညီအောင် ဘယ်လိုရွေးချယ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်း မတူညီကြတာမို့ သင့်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့လိုက်ဖက်တဲ့ ရှပ်ဝတ်စုံကို ရွေးချယ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။
၁။ သစ်တော်သီး (Pear) ပုံစံ ခန္ဓာကိုယ်ပိုင်ရှင်
ရင်သားသေး၊ ပုခုံးက တင်ထက်သေးပြီး တင်ပြည့်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါတယ်။
ခါးပေါ်စေတဲ့ ဝတ်စုံတွေ၊ဗိုက်နားမှာ ဖုံးတဲ့ ဝတ်စုံတွေနဲ့ လိုက်ဖက်ပါတယ်။ ပြီးတော့ အစင်းကျားပုံစံလေးနဲ့ ခါးမှာကြိုးချည်တဲ့ဝတ်စုံလေးနဲ့လည်းလိုက်ဖက်ပါတယ်နော်။
ဒါ့အပြင် အပေါ်ကနေ ဂျင်းကုတ်လေး ထပ်ဝတ်ပေးတာကလည်း အမိုက်စားဖြစ်စေမှာပါ။
၂။ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်
ဒီ ခန္ဓာကိုယ်ပိုင်ရှင် ပိုင်ရှင်ကတော့ ခန္ဓာကိုယ်အလည်ပိုင်းပြည့်တဲ့ သူမျိုးပါ။ ဒါပေမယ့် ခြေတံလေးတွေက သွယ်နေတတ်ပါတယ်။
ဂျင်း Dress ဝတ်စုံတွေ
V လည်ပင်းပုံလေးနဲ့ ခါးနားမှာ ဝိုင်းနေတဲ့ ပုံစံမျိုးနဲ့ လိုက်ဖက်ပါတယ်။
ခါးမှာ ကြိုးချည်ရတဲ့ ဝတ်စုံတွေနဲ့ ခြေတံပေါ်တဲ့ ဝတ်စုံမျိုးရွေးချယ်နိုင်ပါတယ်။
၃။ တြိဂံ ပြောင်းပြန် ခန္ဓာကိုယ်ပိုင်ရှင်
ဒီခန္ဓာကိုယ်ပိုင်ရှင်က အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းနည်းနည်းပိုသေးတတ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးပါ။ ခြေတံသွယ်ပြီး တင်ပြည့်ပါတယ်။
ခြေတံပေါ်စေတဲ့ ဝတ်စုံလေးတွေ၊
ခါးမှာကြိုးချည်ရတဲ့ ဝတ်စုံတွေ
အရောင်တောက်တဲ့ ဝတ်စုံတွေ
ပွပွယယ ဝတ်စုံတွေ ရွေးချယ်နိုင်ပါတယ်။
၆။ ငှက်ပျောသီးလိုခန္ဓာကိုယ်ပိုင်ရှင်
အကွက်ကျား Dress ပုံမှန်ထသွားထလာလို ပုံစံမျိုးတွေ
ဒီလိုဖက်ရှင်လေးတွေနဲ့ လိုက်ဖက်ပါတယ်။
၇။ သဲနာရီလို ခန္ဓာကိုယ်ပိုင်ရှင်
ဒီလို ခန္ဓာကိုယ်ပိုင်ရှင် လေးတွေကလည်း
ဂျင်း ရှပ်ဝတ်စုံလေးတွေ
ပန်းပွင့်လေးတွေပါတဲ့ Dress ဝတ်စုံလေးတွေ
ပွပွယယ ရှပ် Dress လေးတွေ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
Source: www.belletag.com