မင်္ဂလာပါ…. ပျိုမဒီဆို့ရေ,,…. ခေါင်းအုံးဆိုတာ တကယ်တော့ မျက်နှာနဲ့ ညတိုင်း နာရီပေါင်းများစွာ ထိတွေ့နေတဲ့အရာပါ။ မျက်နှာကချွေးတွေ အညစ်အကြေးတွေက ခေါင်းအုံးမှာ စိမ့်ဝင်နိုင်တာကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်နှစ်လောက်သုံးပြီးပြီဆိုရင် ခေါင်းအုံးအလေးချိန်ရဲ့ ၃၀ ရာခို်င်နှုန်းလောက်က ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေနဲ့  ပြည့်နေတတ်ပါတယ်။

ဒါတွေက မျက်နှာကိုဓာတ်မတည့်မှုတွေ ဖြစ်စေပြီး ဝက်ခြံတွေ အဖုအပိန့်တွေနဲ့ အသားအရေကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအုံးတွေကို မဖြစ်မနေ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းအုံးအညွှန်း

တချို့ခေါင်းအုံးတွေက လျှော်တဲ့အခါ စက်နဲ့လျှော်လို့ရသလို တချို့ခေါင်းအုံးတွေကတော့ အခြောက်လျှော်သီးသန့်ပါ။ ဒါကြောင့် ခေါင်းအုံးအသစ်ဝယ်လာပြီဆိုရင် သူ့ရဲ့အညွှန်းကို သေချာဖတ်ပါ။

ရေပူ

ခေါင်းအုံးလျှော်တဲ့အခါ ရေအေး သို့မဟုတ် ရေပူကို သုံးလို့ရပေမယ့် ရေပူက ပိုးမွှားတွေ ၊ ဗိုင်းရပ်စ်တွေနဲ့  ဘက်တီးရီးယားတွေကို သေဖို့ အဆပေါင်းများစွာ သာလွန်တာကြောင့် လျှော်တဲ့အခါ ရေပူကို အသုံးပြုသင့်ပါတယ်။

ဆပ်ပြာ

ခေါင်းအုံးလျှော်တဲ့အခါ ဆပ်ပြာတွေအများကြီးထည့်ရင် ခေါင်းအုံးမှာ ဆပ်ပြာတွေကပ်နေနိုင်တာကြောင့် လျှော်တဲ့အခါ ဆပ်ပြာအများကြီးမသုံးသင့်ပါဘူး။

အခြောက်ခံပါ

ခေါင်းအုံးတွေကို လျှော်ပြီးလို့ ပြန်သုံးတော့မယ်ဆိုရင် တကယ်ခြောက်မခြောက် သေချာဖို့လိုပါတယ်။ ခေါင်းအုံးစွပ်မစွပ်ခင် သေချာစစ်ဆေးပါ။ မခြောက်ဘဲသုံးမိရင် မှိုတွေ ဖြစ်နိုင်တာမလို့ပါ။

ကျီးပေါင်းခေါင်းအုံး

ကျီးပေါင်းသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းအုံးတွေကို သန့်ရှင်းဖို့ဆို အဝတ်လျှော်စက်အစား  Baking Soda ကို သုံးပေးပါ။ Baking Soda ကို ခေါင်းအုံးမှာ ဖြူးပြီး တစ်နာရီလောက်ကြာရင် ဖုန်စုတ်စက်အသေးလေးနဲ့ သန့်ရှင်းပေးပါ။ Baking Soda ဖုန်မှုန့်၊ ဗောက်နဲ့ အိမ်မွေးတိရစ္ဆာန်တို့ရဲ့ အမွှေးလေးတွေကအစ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေနဲ့ဘဲလျှော်ချင်တယ်ဆိုရင်တော့ ဆပ်ပြာအပျော့စားထည့်ထားတဲ့ ရေနွေးနွေးထဲမှာ အဝတ်စကို နှစ်ပြီး အခေါင်းအုံးကို ညင်သာစွာ ပွတ်ပေးပါ။ အစွန်းအထင်းများ ကင်းစင်သွာပြီဆိုရင် ဆပ်ပြာကို ဖယ်ရှားဖို့ ရိုးရိုးရေထဲနှစ်ထားတဲ့ တခြားအ၀တ်စကို သုံးပြီး ပွတ်ပေးပါ။ ပြီးမှ ခေါင်းအုံးကို လေအခြောက်ခံထားပါ။

နှစ်ကြိမ်

ခေါင်းအုံးကို လျှော်တဲ့အခါ အနည်းဆုံး ခြောက်လ တစ်ကြိမ်လျှော်ပေးသင့်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အချိန်မှာ အသုံးပြုထားတဲ့ခေါင်းအုံးတွေကိုတော့ နေပြန်ကောင်းပြီ ဆိုတာနဲ့ လျှော်ပေးသင့်ပါတယ်။