မင်္ဂလာပါ… ပျိုမဒီတို့ရေ… ခေါင်းလျှော်ရည်တွေက သင့်ဆံပင်ကို လှပစေရုံသာမက ဆံပင်ကိုလည်း ပျက်စီးစေနိုင်ပါတယ်ဒါပေမယ့် ခေါင်းလျှော်ရည်မပါပဲ ခေါင်းမလျှော်နိုင်ဘူးလေနော်။ Chemical ပါဝင်တဲ့ခေါင်းလျှော်ရည်တွေမသုံးဘဲ လျှော်လို့ရတဲ့ သဘာဝနည်းလမ်းအချို့ရှိပါတယ်။ အသုံးပြုရလွယ်ကူပြီး ဆံသားနဲ့ ဦးရေပြားကို ရေရှည်ကျန်းမာစေပါတယ်။

Baking Soda

Baking Soda မှာ ဗောက်ထခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ မှိုသတ်ဆေး ဂုဏ်သတ္တိတွေ ရှိတယ်လို့ ဆိုကြပါတယ်။အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဆံသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆံပင်ကို ပတ်ဝန်းကျင်ညစ်ညမ်းမှုကနေ ကာကွယ်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးတဲ့အပြင် ဆံကေသာကို တောက်ပြောင်စေပါတယ်။ ဦးရေပြားယားယံခြင်းကို သက်သာစေပြီး သင့်ဆံပင်ကို ပျော့ပျောင်းစေပါတယ်။

Apple Cider Vinegar

ပန်းသီးရှာလကာရည် (ACV) က သင့်ဆံပင်ကို ဟန်ချက်ညီစေပြီး သန်စွမ်းစေကာ ဆံသားကို ကောင်းမွန်စေပါတယ် ။ ရှာလကာရည်ဟာ ဦးရေပြားပြဿနာတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ထိန်းချုပ်နိုင်တာကြောင့် အဆီပြန်တဲ့ဆံကေသာကို သက်သာစေပါတယ်။

Lemon Juice

သံပုယိုရည်က အဆီနဲ့အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဦးရေပြားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဗောက်များကို ကုသပေးနိုင်ပြီး ဆံပင်ကို ထူထဲပြီး တောက်ပြောင်စေပါတယ်။ ဦးရေပြားရဲ့ အဆီနဲ့ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်တာကြောင့် အဆီပြန်တဲ့ဆံပင် သို့မဟုတ် ဝိတ်မရှိတဲ့ဆံပင်များအတွက်လည်း သင့်တော်ပါတယ်။

အဆီပြန်တဲ့ ဆံကေသာဆိုရင်တော့ သံပုရာသီး ဖျော်ရည်ကို ရေနွေးနွေး တစ်ခွက်ထဲကို ညှစ်ထည့်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ အချိန်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးပြီးမှ လျှော်ပေးပါ။

ရွှံ့စေး

ရွှံ့စေးက အစိုဓာတ်ကို ပေးစွမ်းပြီး ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာများကို ကုသပေးပါတယ်။ ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပြီး အပူဒဏ်ကြောင့် ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒီရွှံ့စေးကို ဆံပင်အရှည်တစ်လျှောက် လိမ်းပေးနိုင်ပါတယ်။

Light Rye ဂျုံမှုန့်

Light Rye ဂျုံမှုန့်က ဦးရေပြားယားယံခြင်း ၊ ခြောက်သွေ့ခြင်း၊ ဗောက်များနဲ့ ဆံပင်အဆီပြန်ခြင်းတို့ကို ကုသဖို့ ကူညီပေးပါတယ် ။ ဆံကေသာအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်များနဲ့ ဗီတာမင်ဓာတ်များ ပါဝင်ပါတယ်။ Light Rye ဂျုံမှုန့်ကို ရေနဲ့ရောပြီး ဆံပင်ကို အညီအမျှ လိမ်းပေးပါ ။ မိနစ် 20 မှ 30 လောက်ထားပြီး ရေနဲ့ဆေးချပါ။