သင့်ဆံပင်ပုံစံကို ပြောင်းလဲဖို့စဉ်းစားနေပေမယ့် ဘယ်စတိုင်လ်လုပ်ဖို့ ဆုံးဖြတ်ရခက်နေလား ? ဒါဆိုရင်တော့ အရည်အသွေးကောင်းတဲ့ လူဆံပင်ဆံပင်တုက မတူညီတဲ့ပုံစံကို စမ်းကြည့်ဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။ ဈေးကွက်ထဲမှာ Hair Wigs တွေက ဒီဇိုင်းအမျိုးမျိုး အရောင်အမျိုးမျိုးနဲ့ စိတ်တိုင်းကျ ရွေးချယ်စရာများလွန်းပါတယ်။

ဒါပေမယ့် အရည်အသွေးကောင်းလွန်းတဲ့ Hair Wigs တွေကတော့ တန်ဖိုးမနည်းလှပါဘူး။ လူ့ဆံပင်ဆံပင်တုတွေက စျေးကြီးပေမယ့် တကယ်တန်ပါတယ်။ ဒီလိုတန်ဖိုးကြီးတဲ့ Hair Wigs တွေကို မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

ဖြီးပေးပါ

ဆံပင်တုရဲ့အဆုံးကို အရင်ဖြီးပါ။ အဖျားတွေရှင်းသွားပြီဆိုမှ အပေါ်ကနေဖြီးပေးပါ။ ဖြီးတဲ့အခါ ဖြောင့်တဲ့ ဒါမှမဟုတ် လှိုင်းတွန့်ဆံပင် Hair Wigs တွေကိုတော့ Wire Wig Brush ကိုသုံးပြီး ဆံပင်ကောက်ကောက် အတွက်ဆိုရင်တော့ လက်ချောင်းများကို သုံးလို့ရပါတယ်။

ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ

ခေါင်းလျှော်ရည်ကို Hair Wigs ပေါ်တိုက်ရိုက်မသုံးဘဲ ဆပ်ပြာရေကို အသုံးပြုပေးပါ။ ဇလုံတစ်ခုထဲ ခေါင်းလျှော်ရည်ထည့်ပြီး ရေအေးနဲ့ဖျော်ပေးပါ။ ဆံပင်အမျိုးအစားနဲ့ သင့်လျော်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ Conditioner ပါတဲ့ 2-in-1 ခေါင်းလျှော်ရည်တွေကို မသုံးပါနဲ့။

ပြောင်းပြန်လှန်လျှော်ပါ

လျှော်တဲ့အခါ ဆံပင်တုကို အတွင်းဘက်လှန်ပြီး ရေထဲသို့ထည့်ပါ။ က်ချောင်းများကို အသုံးပြုပြီး ဆံပင်တုမျှင်တွေကို တွဲလောင်းချထားပါ။ ဆံပင်တုကို ရေထဲသို့ထည့်ပြီး အမျှင်များကို နစ်မြုပ်စေဖို့ လက်နဲ့ ဖိထားပါ။ ဆံပင်တုကို အတွင်းဘက်သို့ လှန်လိုက်ခြင်းအားဖြင့် အညစ်အကြေးများ၊ ချွေးများနဲ့ အဆီများစုဝေးနေတဲ့နေရာကို ရောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

စိမ်ထားပါ

လျှော်တဲ့အခါ ဆံပင်တုကို ရေထဲမှာ နှစ်ထားပြီး ၅ မိနစ်လောက်စိမ်ထားပါ။ ဒီအချိန်မှာ ဆံပင်တုကို မရွှေ့ပါနဲ့။ ရွှေလိုက်ရင် ဆံပင်တုမျှင်တွေ ရှုပ်ကုန်မှာဆိုးလို့ပါ။

ရေအေးနဲ့လျှော်ပါ

ခေါင်းလျှော်ရည်ကုန်သွားတဲ့အထိ ဆံပင်တုကို ရေအေးနဲ့ဆေးချပါ ဒါမှမဟုတ် ရေပုံးထဲထည့်ပြီး လျှော်လို့လည်းရပါတယ်။ ခေါင်းလျှော်ရည်ပြောင်တာ သေချာစေဖို့တော့ ရေနဲ့နှစ်ခါလျှော်ပေးပါ။

Conditioner သုံးပေးပါ

ဆံပင်ပေါ်ကို Conditioner အနည်းငယ်ဖြန်းပြီး လက်နဲ့ ညင်သာစွာ ဖြီးပေးပါ။ Conditioner ကို ရေအေးနဲ့ မဆေးခင် ၂ မိနစ်လောက် စောင့်ပါ။ ၂ မိနစ်လောက်ထားပြီးရင်တော့ ဆံပင်တုကို ရေအေးနဲ့ ပြန်ဆေးချလိုက်ပါ။ ဒါမှမဟုတ် Leave-in conditioner ကိုလည်း သုံးနိုင်ပါတယ်။