သင်က လမ်းလျှောက်တဲ့အချိန် ယုံကြည်မှု ရှိရှိ လျှောက်တတ်သူလား၊ ဒါမှမဟုတ် မြေကြီးကိုပဲ ကြည့်ကာ ခေါင်းငုံ့ လျှောက်တတ်သူလား။ ယုံကြည်မှု ရှိရှိ လျှောက်လှမ်းပြီး Slay နေသူတွေကို သင်အားကျဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တိုင် ဒီလို ယုံကြည်မှု ရှိရှိ လျှောက်တတ်သူတွေထဲ ပါဝင်နိုင်ဖို့ လေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မြေကြီးကို ကြည့်လျှောက်တာမျိုး မလုပ်ပါနဲ့

ပထမဆုံး ယုံကြည်မှုရှိရှိ လမ်းလျှောက်နိုင်ဖို့ အရေးအကြီးဆုံးကတော့ သင့်ကိုယ်နေဟန်ထားပါ။ လမ်းလျှောက်တဲ့အခါ တောင့်တောင့်ကြီး မဖြစ်သင့်သလို ခေါင်းငုံ့လျှောက်တာလည်း ကြည့်မကောင်းပါဘူး။ လက်နဲ့ ခြေကို ပုံမှန်လေး ငြင်ငြင်သာသာ လွှဲပြီး ခေါင်းမော့၊ ရင်ကော့ကာ လမ်းလျှောက်သင့်ပါတယ်။

၂။ သင့်ဝတ်ဆင်ပုံ

လမ်းလျှောက်တာအပြင် ထပ်လိုအပ်တာကတော့ သင့်ဝတ်ဆင်ပုံပါ။ သင်က သင့်ကိုယ်သင် ယုံကြည်မှု သ်ိပ်မရှိတဲ့ ဝတ်ဆင်ပုံကို ဝတ်ထားမယ်ဆိုရင် လမ်းလျှောက်တဲ့အခါလည်း ယုံကြည်မှု ရှိမှာမဟုတ်ပါဘူး။ သင့်ကို ယုံကြည်မှု ပိုတိုးစေမယ့် အဝတ်အစား၊ အခြေအနေ အချိန်အခါနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။

၃။ ဒေါက်မြင့်ဖိနပ် ဝတ်ပါ

ဒေါက်မြင့် ဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ် အနေအထား ပိုမှန်သွားစေပြီး လမ်းလျှောက်တဲ့အခါလည်း ပို ယုံကြည်မှု ရှိစေပါတယ်။ သင့်တင်ပါးကိုလည်း သဘာဝကျကျ လှုပ်ရမ်းနေစေပါတယ်။ ဒေါက်မြင့် ဝတ်တဲ့အခါ သင့်ခြေထောက်အနေအထားကို မျဉ်းတစ်ကြောင်းပေါ်မှာ လျှောက်သလိုမျိုး လျှောက်ပေးသင့်ပါတယ်။

၄။ မော်ဒယ်တွေကို လေ့လာပါ

မော်ဒယ်တွေရဲ့ Catwalk လျှောက်တာကို သင်ကြည့်ဖူးမှာပါ။ သူတို့ရဲ့ ထူးခြားချက်ကတော့ လမ်းလျှောက်ရင် ယုံကြည်မှု ရှိတာပါ။ သင်က သူတို့ လျှောက်တာကို လေ့လာပြီး သူတို့ အတိုင်း အတုခိုးကာ လိုက်လျှောက်ကြည့်သင့်ပါတယ်။

၅။ လေ့ကျင့်ပါ

ဒေါက် ဝတ်နေကျ မဟုတ်သူကလည်း အိမ်မှာ ဒေါက်မြင့်ဖိနပ် ဝတ်ကာ လေ့ကျင့်နိုင်ပြီး လမ်းလျှောက်တာ ပုံစံမှန်ဖို့ အိမ်မှာ ပုံမှန်လေ့ကျင့်သင့်ပါတယ်။ မှန်ကြည့်ပြီး သင်လျှောက်တာ လှမလှ လိုက်ကြည့်သင့်ပါတယ်။

၆။ ကိုယ်နေဟန်ထား မှန်ဖို့

ကိုယ်နေဟန်ထား မှန်ကန်ဖို့ အတွက် YouTube မှာ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ သင်က နဂိုတည်းက ကိုယ်နေဟန်ထား မမှန်သူဆိုရင် အရင်ဆုံး ကိုယ့်ပုံစံ မှန်ဖို့အတွက် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဒီလို ဆိုရင် သင်လမ်းလျှောက်တဲ့အခါလည်း အရင်ထက် ပိုယုံကြည်ချက် ရှိလာပါလိမ့်မယ်။

၇။ သင်ဘာအမှားမှ မလုပ်ပါဘူး

သင်လာတဲ့အခါ လူတွေ ဝိုင်းကြည့်တဲ့အချိန် ရှက်စရာမလိုပါဘူး။ ခေါင်းငုံ့စရာလည်း မလိုပါဘူး။ သင် ဘာအမှားမှ မလုပ်ဘူးဆိုတဲ့ စိတ်ကို ထားကာ ယုံကြည်မှု ရှိရှိလျှောက်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar