ဒေါက်မြင့်ဖိနပ်က ဝတ်နေကျ မဟုတ်ရင် သက်တောင့်သက်သာ မဖြစ်နိုင်တဲ့အပြင် ဖိနပ်ပေါက်တာပါ ဖြစ်နိုင်ပါတယ်။ လှချင်ပါတယ်ဆိုမှ နာရတဲ့ လက်ဆောင်လေးပါ ထပ်တိုး ရနိုင်ပါတယ်။ မိန်းကလေးအများစု ဒေါက်မြင့်ဖိနပ် ဝတ်တဲ့အချိန်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့အချိန်၊ ချစ်ရသူ ကောင်လေးနဲ့ ဆုံတဲ့အချိန်၊ စမတ်ကျကျ သွားရတဲ့ နေရာမျိုးကို ရောက်တဲ့အချိန် အများစုမှာ ဝတ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ဒေါက်မြင့်ဖိနပ်ကိုစီးကာ တဒေါက်ဒေါက်နဲ့ ယုံကြည်မှုရှိစွာလျှောက်လှမ်းနိုင်ဖို့ နည်းလမ်းတွေကို ပြောပြပါရစေ။

၁။ ဒေါက်မြင့်ဖိနပ် အနိမ့် ဒါမှမဟုတ် ဒေါက်အထူ Wedges ကို ရွေးပါ

အခုမှ ဒေါက်မြင့် စစီးမယ့် ပျိုမေတွေအနေနဲ့ လက်မ များတဲ့ ဒေါက်ဖိနပ်တွေကို မရွေးသေးဘဲ ဒေါက်နိမ့်တဲ့ ဖိနပ်မျိုး ဒါမှမဟုတ် ခုံနေရာ အပြည့်ယူထားတဲ့ Wedges ဒေါက်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီဖိနပ်တွေနဲ့ သက်တောင့်သက်သာဖြစ်မှ ဒီထက် ပိုမြင့်တဲ့ ဒေါက်ဖိနပ်ကို ရွေးသင့်ပါတယ်။

၂။ လမ်းလျှောက်တဲ့အချိန်

သင် လမ်းလျှောက်တဲ့ပုံစံ မှန်မမှန်၊ မိုက်မမိုက် သိန်ိုင်ဖို့ ကိုယ်လမ်းလျှောက်တာကို ဗီဒီယို မှတ်တမ်းတင်ထားတာ ဒါမှမဟုတ် မှန်ရှေ့မှာ လျှောက်တာမျိုး လုပ်သင့်ပါတယ်။ တစ်ယောက်တည်း လျှောက်တာ လေ့ကျင့်သူတွေဆိုရင် ဒီအချက်ကို ပိုလုပ်သင့်ပါသေးတယ်။

၃။ တစ်ဖြောင့်တည်း ကိုယ်ကို မတ်၊ ပခုံးကို ကော့ထားကာ မတ်တပ်ရပ်ပါ

သင်က ဘာအမှားမှ လုပ်တဲ့သူ မဟုတ်တာကြောင့် ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုပါဘူး။ ကိုယ်ကို မတ်မတ် ရပ်ကာ ကိုယ်လုပ်မယ့် ကိစ္စကိုပဲ အာရုံစိုက်သင့်ပါတယ်။ တခြားသူတွေကို ဂရုမစိုက်ဘဲ ခေါင်းမော့၊ ရင်ကော့ကာ ဒေါက်မြင့်နဲ့ လမ်းလျှောက်သင့်ပါတယ်။

၄။ ခြေဖနောင့်မှ စကာ ခြေဖျားထိပ်မှာ အဆုံးသတ်ပါ

Photo Source: Tenor

ဒေါက်မြင့်နဲ့ လမ်းလျှောက်တဲ့အခါ ရှေ့ခြေဖျားကို အားပြုပြီး မလျှောက်သင့်ပါဘူး။ စလှမ်းကတည်းက ခြေဖနောင့်ကနေ စလှမ်းသင့်ပါတယ်။ ခြေဖနောင့်ကနေမှ ခြေဖျားတွေဆီ အဆင့်ဆင့် သွားပေးသင့်ပါတယ်။

၅။ ဒူးကွေးလျှောက်တာမျိုး ရှောင်သင့်ပါတယ်

Photo Source: Tenor

လမ်းလျှောက်တဲ့အခါ ဒေါက်မြင့်နဲ့မို့ လဲကျမှာ ကြောက်ပြီး ဒူးကွေး မလျှောက်သင့်ပါဘူး။ ခြေဖနောင့်က မြေပြင်နဲ့ ထိတဲ့အချိန်တည်းက ခြေထောက်ကို တန်းတန်းထားကာ လျှောက်ကြည့်သင့်ပါတယ်။

၆။ လေ့ကျင့်ပါ

အရေးအကြီးဆုံးကတော့ ဒေါက်မြင့်နဲ့ ယုံယုံကြည်ကြည် လျှောက်တတ်ဖို့ လေ့ကျင့်ပေးရပါမယ်။ အိမ်မှာ အားနေတဲ့အချိန် ဒေါက်မြင့်ဝတ်ကာ လေ့ကျင့်နေသင့်ပါတယ်။ သင်က ဒေါက်မြင့်စီးတဲ့အချိန် ယုံကြည်မှုက အရင်ထက် အဆပေါင်းများစွာ တိုးလာတာကို သတိထားမိပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar