အခုဖော်ပြထားတဲ့ အလေ့အကျင့်သေးသေးလေးတွေကို အိပ်ရာကနေ နိုးတာနဲ့ လုပ်ပေးမယ် ဆိုရင် သင် ပိုကျန်းမာလာပါလိမ့်မယ်။ ဒါ့အပြင် တစ်နေ့လုံးစာ ပိုစိတ်ချမ်းလာပါလိမ့်မယ်။ သင် ကိုယ်တိုင် ဒီအချက်တွေကို မလုပ်ချင်ရင်တောင် သင့်မိဘတွေ သိနိုင်ဖို့ ဒီအကြောင်းအရာကို Share ထားနိုင်ပါတယ်။

ကိုယ်နေ့တိုင်း လုပ်ဖြစ်တဲ့ အရာတွေက အလေ့အကျင့်တွေ ဖြစ်လာပါတယ်။ ကောင်းတဲ့ အလေ့အကျင့်တွေကို ပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ နောင်တစ်ချိန် အကျိုးခံစားရမှာ သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ မနက်ပိုင်း နိုးတာနဲ့ ဘယ်လိုအရာတွေ ပြုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ညာဘက်စောင်းပြီး အိပ်ရာထပါ

Photo Source: Boldsky.com

မနက်နိုးလို့ အိပ်ယာကနေ ထတာနဲ့ ညာဘက်ကို လှည့်ပြီး ထပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ရာ နိုးစအချိန်က ဇီဝဖြစ်စဉ် နိမ့်ကျနေတဲ့ အချိန်ဖြစ်တာကြောင့် ဘယ်ဘက်ကို လှည့်ပြီး အိပ်ရာထမယ်ဆိုရင် နှလုံး လုပ်ဆောင်မှုကို ဖိအားပေးသလို ဖြစ်စေနိုင်ပါတယ်။

၂။ လက်နှစ်ဘက်ကို ပူတဲ့အထိ ပွတ်ပေးပါ

Photo Source: Dreamstime.com

ညာဘက် စောင်းပြီး ထထိုင်ပြီးနောက် လက်နှစ်ဘက်ကို အချင်းချင်း ပွတ်ပေးရပါမယ်။ ပူလောက်တဲ့အထိ ပွတ်တိုက်ပြီးနောက် ဒီလက်နှစ်ဘက်ကို မျက်လုံးပေါ် အုပ်ပေးရပါမယ်။ သင့်လက်နှစ်ဘက်ကို ပွတ်ပေးတာက အာရုံကြော Ending တွေကို နှိုးပေးရာ ရောက်ပြီး ချက်ချင်း လန်းဆန်းသွားစေနိုင်ပါတယ်။

၃။ ပြုံးပါ

Photo Source: 29Secrets

နောက်ဆုံး လုပ်ရမယ့် လွယ်ကူတဲ့ အရာကတော့ ပြုံးပေးတာပါ။ ဘယ်သူ့ကို ပြုံးပြရမှာလဲ ဆိုပြီး မရှိပါဘူး။ သင်နိုးထခွင့်ရလာတယ် ဆိုတဲ့ အချက်က ကိစ္စ သေးသေးလေး မဟုတ်ပါဘူး။ မနေ့ညက အိပ်စက်ခဲ့ကြတဲ့ သူတွေထဲမှာ နောက်နေ့ နိုးမထ လာနိုင်ကြတော့သူတွေ အများအပြားပါပဲ။ ဒါပေမဲ့ သင်ကတော့ နေ့တစ်နေ့ကို စတင်နိုင်ဖို့ နိုးထလာခဲ့ပါတယ်။ ဒါက ကျေးဇူးတင်ထိုက်တဲ့ အရာတစ်ခုပါ။ ဒီကံကောင်းမှုအတွက် ပြုံးသင့်ပါတယ်။

By MyStyle myanmar