မင်္ဂလာပါနော်။ မနက်မိုးလင်းတာနဲ့ ရုံးသွားဖို့ လုံးပန်းနေရတာ အရမ်းဝရုန်းသုန်းကားနိုင်ပါသလား။ နှိုးစက်မြည်လာတိုင်း ပြန်ပြန်အိပ်ချင်တဲ့စိတ်၊ နှိုးစက်ကို ပြန်ပိတ်ပြီး တမှေးလောက်ပြန်မှေးချင်တဲ့စိတ်၊ နှိုးစက်သံကိုမကြားချင်အေင်ဖြစ်နေတဲ့ အခါမျိုးတွေလည်း ကြုံဖူးကြမှာပါ။ အိပ်ယာနိုးဖို့အတွက် ကြိုးစားပြင်ဆင်ထားပေမယ့် ပင်ပန်းလိုက်တာလို့ ခံစားနေရလား။ တစ်နေ့ကို ၈ နာရီအိပ်ရင်လုံလောက်ပြီဆိုပေမယ့် ၈ နာရီထက်ပိုအိပ်ပေမယ့် အိပ်ရေးမဝပဲ ပင်ပန်းနေတာမျိုးကို ဘယ်သူကဖြစ်ချင်မှာလဲနော်။

ဒါဆိုရင်တော့ လန်းဆန်းတဲ့ စိတ်ကူးလေးနဲ့ မနက်ခင်းတစ်ခုကို အစပြုနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အိပ်ချိန်သတ်မှတ်မယ်

လူတွေအများအားဖြင့် ညဖက်မှာ သိပ်ပြီး အိပ်ပျော်လေ့မရှိပါဘူး။ ညည့်နက်မှ အိပ်တာဟာ မနက်ခင်းမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အိပ်ယာဝင်ပါ။ သိပ်လည်းမစော သိပ်လည်းနောက်မကျပါစေနဲ့။

ပထမဆုံးမြည်တဲ့ နိုးစက်မှာတင် ထမယ်

မနက်ခင်းမှာ အိပ်ယာထဖို့ ပြင်နေကြတဲ့ သူတွေက ကိုယ့်အကြောင်းကိုသိတော့ နိုးစက်ကို ၂ ခါ ၃ ခါပေးထားကြပါတယ်။ ဒါပေမယ့် အဲလိုမပေးဘဲ တစ်ခါပဲပေးပါ။ တစ်ခါပဲပေးထားတယ်ဆိုတဲ့ အသိစိတ်က သင့်ကို လှုပ်နိုးစေပါလိမ့်မယ်။

တစ်နေ့တာစားသုံးမှု

အဆီအစိမ့်များတဲ့အစားအစာ၊ အတက်စာတွေကို ရှောင်စားပါ။

မီးပိတ်အိပ်မယ်

ညအိပ်ယာမဝင်ခင် လျှပ်စစ်မီးတွေ၊ ဖုန်း၊ ကွန်ပျူတာတွေမှ ဝေးရာမှာ ၁၅ မိနစ်လောက်နေပါ။ မီးပိတ်ပြီးအိပ်ပါ။ အမှောင်ထုက သင့်ကိုပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

အရသာရှိတဲ့မနက်စာ

သင်အကြိုက်ဆုံး အနှစ်သက်ဆုံး မနက်စာကို အစားချင်ဆုံး အရသာအရှိဆုံးဖြစ်အောင် စိတ်ကူးပြီး ညကတည်းက ပြင်ဆင်ထားလိုက်ပါ။ ဒါဆို ဒီမနက်စာစားဖို့ သင့်ရဲ့ စိတ်က သင့်ကို နိုးထစေမှာဖြစ်ပါတယ်။

ရေနွေးမစိမ်ဘဲ ရေအေးအေးနဲ့သာ ရေချိုးချလိုက်ပါ

မနက်ခင်းမှာ ရေနွေးနဲ့ ဇိမ်ခံပြီး စိမ်မနေဘဲ ရေအေးအေးကိုသာ သတ္တိရှိရှိလောင်းချပြီး ရေချိုးလိုက်ပါ။ ညအိပ်ယာမဝင်ခင်မှာလည်း ရေနွေးနဲ့မဟုတ်ဘဲ ရေအေးနဲ့သာချိုးပါ။

လန်းဆန်းတဲ့မနက်ခင်းဖြစ်ပါစေ။ မောနင်းပါနော်။

Source: www.blushybabe.com