ပိတ်ရက်တွေဆိုရင် တော်တော်များများက အပြင်လျှောက်သွားကြတာများပါတယ်။ တချို့ကျတော့လည်း အပြင်မသွားပဲ အိမ်မှာပဲနေရတာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် ပိတ်ရက်မှာအပြင်မသွားပဲ အကျိုးရှိအောင် အိမ်မှာပြုလုပ်သင့်တာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ။

ဖွင့်ရက်တွေမှာဆိုရင် ကျောင်းသွားရတာနဲ့ ရုံးသွားရတာနဲ့ အိပ်ရေးမဝဖြစ်နေမှာပါ။ ဒါကြောင့် ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။

ရုပ်ရှင်ကြည့်ပါ။

အိမ်မှာနေပြီး မုန့်စားရင်းနဲ့ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်တွေကို ထိုင်ကြည့်လိုက်ပါ။ မိုးအေးအေးလေးနဲ့ဆိုရင် အခန်းထဲမှာ စောင်ခြုံပြီး သရဲကားကြည့်ရတဲ့ Feel က အရမ်းမိုက်ပါတယ်။

စာဖတ်ပါ။

ဗဟုသုတရစေမယ့်စာအုပ်တွေနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကိုလည်း ဖတ်လို့ရပါသေးတယ်။ မိုးအေးအေးလေးနဲ့ဆိုရင် ကော်ဖီသောက်ရင်း စာဖတ်လို့ကောင်းတာပေါ့။

လေ့ကျင့်ခန်းလုပ်ပါ။

Gym သွားစရာမလိုပဲ အိမ်မှာနေပြီး လေ့ကျင့်ခန်းလုပ်လို့လည်း ရပါသေးတယ်။ Yoga ပဲကျင့်မလား၊ လေ့ကျင့်ခန်းပဲလုပ်မလား ကိုယ်ကြိုက်နှစ်သက်ရာကို အိမ်မှာအေးအေးဆေးဆေး ပြုလုပ်နိုင်ပါတယ်။

Skincare လုပ်ပါ။

ပိတ်ရက်ကို အိမ်မှာနေပြီး မျက်နှာလေးပေါင်းတင်လိုက်၊ Body Scrub လေးလုပ်လိုက်နဲ့ အေးအေးဆေးဆေး အနားယူလို့ရပါသေးတယ်။ အပြင်သွားရင်တောင် အသားအရေပျက်စီးပါသေးတယ်။ အိမ်မှာနေပြီး ပေါင်းတင်လိုက်မယ်ဆိုရင်တော့ အသားအရေလည်း ပိုလှသွားစေမှာပါ။

Photo Source: www.pexels.com