Vaseline ဆိုတာ အလှအပရေးရာ အကုန်လုံးအတွက် တော်တော်အသုံးဝင်တဲ့ ပစ္စည်းကောင်လေးပါ။ ဒီတစ်ခါမှာလည်း မိန်းကလေးတိုင်းရဲ့ ဆံသားကို ဖြောင့်ဆင်းပြီး အရှည်မြန်လာစေဖို့ Vaseline က ကူညီပေးပါလိမ့်မယ်။ ဘယ်လိုပေါင်းတင်ရမလဲ Vaseline အပြင် ဘာတွေထည့်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။
သန့်ရှင်းတဲ့ပန်းကန်လုံးထဲကို Vaseline – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အုန်းဆီ – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ် (Aloe Vera Gel) – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ Vitamin E – တစ်လုံးဖောက်ထည့်ပြီး သမအောင်မွှေလိုက်ပါ။
Source: www.naturalbeautytips.com
မွှေထားတာတွေကို ညအိပ်ယာဝင်ခါနီး ဆံသားမှာ သေချာနှံ့အောင်လိမ်းထားလိုက်ပါ။ မနက်ကျရင်တော့ ခေါင်းလျှော်ရည်နဲ့ ပုံမှန်တိုင်း ခေါင်းလျှော်လိုက်ရုံပါပဲ။ ညအိပ်မထားချင်ရင်လည်း မနက်ထဲက လုပ်ထားပြီး ညနေလောက်မှ ခေါင်းလျှော်ချလိုက်လို့ရပါတယ်။ တစ်ပတ်မှာ ၂ကြိမ် (သို့) ၁ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆံသားဖြောင့်ဆင်းလာပြီး ဆံပင်လည်းအရှည်မြန်လာမှာပါ။
Source: www.discountshah.com