Vaseline မှာ ပါဝင်တဲ့ Petroleum jelly ကို မျက်လုံးပေါ်မှာ ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ်။ Jelly မှာ ပါဝင်တဲ့ Mineral Oil က အမွှေးအမျှင်တွေကို တောက်ပစေပြီး နူးညံ့စေပါတယ်။ Vaseline က မျက်တောင်အတွက်သာမက မျက်ခုံး Gel အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Vaseline ကို မျက်ခုံး၊ မျက်တောင်အတွက် အသုံးပြုနိုင်တာ မှန်ပေမယ့် ဝက်ခြံဖြစ်ပြီး အဆီပြန်တတ်တဲ့ အသားအရေ ဖြစ်ရင်တော့ သတိထားသင့်ပါတယ်။

Vaseline ကို မျက်တောင်အတွက် သုံးဖို့ ပထမနည်းကတော့ မျက်တောင် တစ်နေ့လုံး ကော့နေအောင် ထိန်းသိမ်းနိုင်ဖို့ပါ

ပထမ နည်းလမ်း

Photo Source: wikiHow

ပထမဆုံး မျက်တောင် ကော့တဲ့ Curler နဲ့ မျက်တောင် ကော့ပေးရပါမယ်။
ပြီးနောက် မျက်တောင် ကော့တံ ဆေး မပါတဲ့ ကော့တံနဲ့ Vaseline ကို ယူကာ မျက်တောင်ပေါ် လိမ်းပေးရပါမယ်။
တတိယ အဆင့်အနေနဲ့ Mascara နဲ့ မျက်တောင်ကော့ရပါမယ်။
မျက်တောင်က တစ်နေ့တာလုံး ပုံမပျက်ဘဲ ကော့နေမှာပါ။

Vaseline ကို မျက်တောင် အတွက် သုံးနိုင်တဲ့ ဒုတိယ နည်းလမ်းကတော့

မျက်တောင် ရှည်ဖို့ပါ

Photo Source: YouTube

Vaseline က မျက်တောင် ရှည်အောင် မလုပ်နိုင်ပေမယ့် မျက်တောင်အတွက် အစိုဓာတ်ပေးပါတယ်။

နည်းလမ်း

သံလွင်ဆီနဲ့ Vaseline ကို ရောပေးရပါမယ်။ ပြီးနောက် မျက်တောင် ကော့တံ အသန့်နဲ့ မျက်တောင်ပေါ် လိမ်းပေးရပါမယ်။ ညအိပ်ရာ ဝင်ခါနီးတိုင်း လိမ်းပေးရပါမယ်။

By MyStyle Myanmar