Vaseline ဘူးသေးတစ်ဘူးဟာ အိမ်တိုင်းလိုလိုမှာ ဆောင်ထားတတ်တဲ့ ပစ္စည်းအလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းခြောက်တဲ့အချိန်မျိုး၊ ရေသောက်နည်းလို့ နှုတ်ခမ်းခြောက်တဲ့အချိန်မျိုးမှာ Vaseline နဲ့ အလွယ်လေး အစိုဓာတ်ဖြည့်ပေးလိုက်ရုံပါပဲ။

Vaseline ကို အလှအပအတွက် နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုနိုင်သလို လူတွေအားလုံးရဲ့ နေ့စဉ်ဘဝမှာ အသုံးတည့်အောင်လည်း အသုံးပြုနိုင်ပါတယ်။

ရေမွှေးဆွတ်တဲ့အခါ ရေမွှေးရနံ့ တစ်နေ့တာလုံး ကြာရှည်ခံဖို့အတွက်

Vaseline ကို ပဲစေ့အရွယ်အစားခန့် ခပ်သေးသေးခပ်ယူပြီးနောက် လက်ကောက်ဝတ်နေရာနားမှာ လိမ်းကျံပေးလိုက်ပါ။ ပြီးမှ ရေမွှေး ဖြန်းလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ရေမွှေးရနံ့က တစ်နေ့တာလုံး ကြာရှည်ခံနေပါလိမ့်မယ်။

အသားအရေကို အစိုဓာတ် ထိန်းသိမ်းပေးခြင်း

Vaseline ကို အသုံးအများဆုံးသူတွေကတော့ အသားအရေခြောက်သွေ့သူများပဲဖြစ်ပါတယ်။ Vaseline ကို နှုတ်ခမ်းအတွက်သာမက မျက်နှာနှင့် ခန္ဓာကိုယ်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆီလိုမျိုး ကပ်စေးစေးဖြစ်နေမှာမဟုတ်ပါဘူး။

ဆံကေသာ အဖျားနှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း

ဆံကေသာ အဖျားနှစ်ခွဖြစ်ခြင်းက ဆံပင်တိုတဲ့သူတွေထက် ဆံပင်ရှည်တဲ့သူတွေမှာ အတွေ့များပါတယ်။ ဒီလိုမျိုး ဆံပင်အဖျားနှစ်ခွဖြစ်လာတဲ့အခါ Vaseline အနည်းငယ်ကို ဆံပင်အဖျားနားမှာ သုတ်လိမ်းပေးလိုက်ပါ။

သို့သော် ဦးရေပြားပေါ်သို့ တိုက်ရိုက်ထိတွေ့ခြင်း၊ ဆံကေသာပေါ်တွင် အလွန်အကျွံ လိမ်းကျံခြင်းတို့ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

နှုတ်ခမ်းပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ခြင်း

ခြောက်သွေ့နေတဲ့ နှုတ်ခမ်းပေါ်သို့ Vaseline အနည်းငယ် လိမ်းကျံလိုက်ပါ။ မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ သွားတိုက်တံဖြင့် နှုတ်ခမ်းပေါ်သို့ ပွတ်တိုက်ပေးလိုက်ပါ။ သင့်နှုတ်ခမ်းက ညိုညစ်ညစ်မဖြစ်တော့ဘဲ စိုပြေကြည့်ကောင်းသွားပါလိမ့်မယ်။

ခြေဖနောင့်ကွဲခြင်းမှ သက်သာစေခြင်း

ခြေဖနောင့်ကွဲခြင်း၊ ခြေဖဝါး ကြမ်းတမ်းနေလို့ စိတ်ညစ်နေပါသလား။ အိပ်ရာဝင်ခါနီးမှာ Vaseline အနည်းငယ်ကို ခြေဖဝါးပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ခြေအိတ်စွပ်ကာ အိပ်လိုက်ပါ။ ခြေဖနောင့်ကွဲခြင်း၊ ကြမ်းတမ်းခြင်းတို့ ပျောက်ကင်းသွားပါလိမ့်မယ်။